ဖားကန့်
-
Oct- 2025 -8 Octoberသတင်းဆောင်းပါး
လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ
“KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။ ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။
Read More » -
2 Octoberသတင်း
စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့…
Read More » -
Sep- 2025 -26 Septemberသတင်း
ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုကို ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး စက်တင်ဘာလ…
Read More » -
23 Septemberသတင်း
ဖားကန့်စစ်ရှောင်ပြည်သူတွေ အလံဖြူထောင်ပြီး မြစ်ကြီးနားဘက် ထွက်ခွာတိမ်းရှောင်
ဖားကန့်မှာစစ်ရေးကြောင့် တိုက်ပွဲဧရိယာအတွင်းပါဝင်နေတဲ့ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအပါ ဖားကန့်မြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာအများပိုင်း အလံဖြူထောင်ပြီး ဖားကန့်ကနေ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲကဖားကန့် ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေ၊ လမ်းသွားလမ်းလာ စုဆောင်းရေးဖမ်းဆီးခံရတာတွေ ပိုပြီးဆိုးရွာလာတာကြောင့် လုံခြုံရေးအတွက်…
Read More » -
18 Septemberသတင်း
လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်
ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…
Read More » -
17 Septemberသတင်း
ဆိုင်းတောင်အုပ်စုထဲက ကျေးရွာတစ်ချို့ကို စစ်တပ်ကပြန်ပြီးနေရာယူ
ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုထဲက မှော်တောင်းနဲ့ ဆန်းကြွယ်ကျေးရွာ နှစ်ခုစလုံးကို စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူလိုက်ပြီလို့ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေ ဆိုင်းတောင် မှော်တောင်း၊ ဆန်းကြွယ်နဲ့ အေးမြသာယာအုပ်စု ရှရော်ခ ညောင်ပင်ကုန်း နှစ်နေရာကို တစ်ပြိုင်နက် မြေပြင်စစ်ကြောင်းထိုးပြီး…
Read More » -
11 Septemberသတင်း
ဖားကန့်မှာ စစ်တပ်ရဲ့ ထိုးစစ်ဘယ်ကို ဦးတည်နေပြီလဲ
ဖားကန့်မှာ စစ်တပ်က စစ်ရေးအရ မျှော်မှန်းထားတဲ့ အခြေအနေအထိ မရောက်ရှိသေးတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေသလို စစ်ရေးက ဆိုင်းတောင်ကျေးရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။ လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်ရဖို့ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီ၊ မေလကနေ…
Read More » -
9 Septemberသတင်း
ဖားကန့်မှာမိသားစုတစ်စုလက်နက်ကြီးထိလို့ ဖခင်ဖြစ်သူသေဆုံး သားဖြစ်သူနဲ့အမျိုးသမီးဒဏ်ရာပြင်းထန်
ဖားကန့်မြို့နယ် မြို့မဆွတ်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မိသားစုတစ်စုထဲကဘဲ ဖခင်ဖြစ်သူသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အသက် ၅ နှစ်အရွယ်သားဖြစ်သူကတော့ အဆုတ်မှာလက်နက်ကြီးစထိမှန်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့ကြတယ်လို့သိရပါတယ်။ “အမျိုးသားကဆုံးသွားတယ်။ကလေးနဲ့အမေက လက်နက်ကြီးစထိမှန်လို့ ဒဏ်ရာပြင်းထန်တယ်။ မြစ်ကြီးနားကိုဆင်းသွားပြီ အသက်၅နှစ်သားအရွယ် သားလေးက…
Read More » -
3 Septemberသတင်း
စစ်ရေးကြောင့် ဖားကန့်မြို့ပေါ်ကျောင်းများတစ်ပတ်ကြာပိတ်ထားမယ်လို့ သိရ
ဖားကန့်မြို့တွင်း စစ်ရေးအခြေနေတွေကြောင့် မြို့ပေါ်ကျောင်းတွေအားလုံး တစ်ပတ်တိတိပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က စက်တင်ဘာလ ၂ ရက်နေ့ကစတင်ကာ ပိတ်ထားတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေကြောင့်လို့ သိရပါတယ်။ ဒေသခံအမျိုးသားတစ်ဦးက“ကျောင်းတွေပိတ်ထားတာဟုတ်တယ်။ အထက်တန်းကျောင်းတွေရောပေါ့ တစ်ပတ်လို့သိရတယ်။ စစ်ကောင်စီဘက်ကထုတ်ပြန်တာလို့ပြောတယ်။ ဖားကန့်မြို့ပေါ်ရပ်ကွက်ပဲဟုတ်တယ်။…
Read More » -
1 Septemberသတင်း
ဖားကန့်မှာ ၃ ရက်အတွင်း ဖမ်းဆီးခံရသူ ၃၅ ဦးအထိရှိလာ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က စစ်ဆေးရေးကို တင်းတင်းကြပ်ကြပ် စတင်လုပ်ဆောင်လာနေပြီး သုံးရက်အတွင်းမှာ ဖမ်းဆီးခံရတဲ့ လူငယ် ၃၅ ဦးအထိရှိလာတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ် ၂၈ ရက်နေ့ကစတင်ပြီး ပန်းတင်တံတားမှာ လူငယ် ၁၀ ဦး၊…
Read More »









