ဖားကန့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး ဆွေးနွေး

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်း နှင့်ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရရုံးတွင် ဇွန် ၂၄ ရက်နေ့ ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနေရာချထားမှုကို စီမံချက်ရေးဆွဲနိုင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဒေသခံအဖွဲ့အစည်းများဖြင့်ပူးပေါင်းပြီး အထူးစစ်ဆင်ရေးဆောင်ရွက်နိုင်ရေး၊ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးအပြင် အခြား အကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါသည်။ ထိုအစည်းအဝေးတွင် ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု သယံဇာတ နှင့်…