ဩစတေးလျနိုင်ငံရောက် ကချင်တိုင်းရင်းသားများ မနောပွဲကျင်းပ

ဩစတေးလျ နိုင်ငံမှာရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်း  ၈ ကြိမ်မြောက်ကချင်ရိုးရာ မနောပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။

ပွဲကိုတော့ ဧပြီလ ၁၄ ကနေ ၁၆ရက်နေ့ထိ ဩစတေးလျ( Australia ) Queensland ကွင်းစလန်း (Queensland) ပြည်နယ် ရဲ့ဘရစ်စဘိန်း(Brisbane) မြို့မှာ  ၃ရက်တာ ဒီကချင်ရိုးရာမနောပွဲတော်ကြီးကို ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အစီအစဉ်အနေနဲ့ကတော့ နေ့ဘက်မှာ မနောပွဲကျင်းပပြီး ညဘက်မှာတော့ အဆိုအကစတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် ဩစတေးလျနိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ကချင်လူမျိုးတွေ ပိုမိုစည်းလုံးပြီး ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်ချက်နဲ့ ခုလို ကချင်ရိုးရာ မနှောပွဲတော်ကို ကျင်းပတာ ဖြစ်တယ်လို့ ပွဲစီစဉ်တစ်ဦးက ခုလိုပြောပြပါတယ်။

PSA

“ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ ဘယ်နေရာရောက်ရောက် အားလုံးအတူတကွဘဲ။ စည်းလုံးရမယ်။ စည်းလုံးမှဘဲ အင်အားကြီးတဲ့ လူမျိုးတစ်ခု ဖြစ်လာပြီး ဩစတေးလျ နိုင်ငံမှာလည်း မျက်နှာရပြီး ဩစတေးလျအစိုးရတွေလည်း ကျွန်တော်တို့ကို ပိုမိုသိမြင်လာပြီး အကူအညီတွေ ပေးတာမျိုးတွေလည်း ရှိလာမယ်” ဆိုပါတယ်။

အဲဒီမနှောပွဲမှာတော့ ဩစတေးလျနိုင်ငံ ပြည်နယ် ၆ခုမှာ နေထိုင်နေကြတဲ့ ကချင်လူမျိုးတွေ လာရောက်ခဲ့ကြပြီး လူအယောက် ၁ထောင် ဝန်းကျင် ပါဝင်ဆင်နွှဲ့ခဲ့တယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် မနှောပွဲတော်ကို  ၂နှစ်တစ်ကြိမ် ဩစတေးလျ နိုင်ငံတွင်းက ပြည်နယ်တစ်ခုစီမှာ အိမ်ရှင်အဖြစ်တာဝန်ယူကျင်းပတာ ဖြစ်ပြီး စတင် ကျင်းပပြုလုပ်ခဲ့တာကတော့ ၂၀၀၉ခုနှစ် New South Wales ပြည်နယ် ဆစ်ဒနီ(Sydney )မြို့ မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် လက်ရှိ ဩစတေးလျနိုင်ငံမှာ နေထိုင်နေကြတဲ့ ကချင်လူမျိုးဦးရေဟာ ၃ထောင်ဝန်းရှိပြီး များသောအားဖြင့်တော့ Refugee အနေနဲ့  ရောက်ရှိလာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button