,

Breaking News :

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

  1. Home
  2. ဗန်မောက်မြို့

Tag: ဗန်မောက်မြို့

တိုက်ပွဲ
အင်းတော်နှင့် ဗန်းမောက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

အင်းတော်နှင့် ဗန်းမောက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

အင်းတော်မြို့နယ်ရှိ အောက်တောရွာ နှင့် ပင်ဝေကျေးရွာကြား၊ ဗန်းမောက်မြို့အနောက်ဘက်ရှိ ဖောင်းပြင်ရွာ တို့ကို စစ်ကောင်စီတပ်က ယနေ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် တံတားဦးမှတက်လာသော ဂျက်လေယာဉ် ၂စီးသည် အင်းတော်မြို့မြောက်ဘက်ခြမ်းရှိ အောက်တောကျေးရွာနှင့် ပင်ဝေကျေးရွာကြားတောထဲတစ်‌နေရာနှင့် ဗန်း‌မောက်မြို့နယ် ဖောင်းပြင်ရွာကို ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း အင်းတော် PDF မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''ဗုံးကတော့ ၄ လုံးကျဲသွားတယ် လေယာဥ်ကတော့၂ စီး အောက်တောနဲ့ပင်ဝေကြားမှာကျဲတာတိုက်ပွဲဖြစ်တာတော့မရှိဘူး အဲ့မှာ KIA နဲ့ PDF ရှိတယ်ထင်လို့လာကျဲတာနေမှာ ရွာတွေမရှိတော့ ထိခိုက်တာတော့မရှိဘူး'' ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် အဆိုပါဂျက်လေယာဉ်သည်

တိုက်ပွဲ
ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦး ထက်မနည်းသေဆုံး

ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦး ထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များအား Banmauk Revolution BR ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း BR PDF မှ သိရသည်။ "ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တယ်။ ဆင်ကန်ရွာကပြည်သူနေအိမ်တွေပေါ်တက်ပြီး နေထိုင်တယ် စားသောက်ကြတယ်လို့ သိထားတယ်။ မိုင်းဆွဲတဲ့အခြေနေကတော့ သူတို့ဘက်က၅ယောက်ထက်မနည်း ကျဆုံးတယ်လို့ စစ်ရေးတာဝန်ခံကပြောတယ်။ နောက်ပြီး

သတင်း
တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

စစ်ကိုင်းတိုင်း အင်းတော်မြို့ နှင့် ဗန်းမောက်မြို့ကြားတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့တိုက်ပွဲ ပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းတွင် မည်သည့် သုံးဘီး၊ ကား၊ ဆိုင်ကယ်မျှ ဖြတ်သန်းသွားလာခြင်းမပြုကြရန် အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။ ဇွန်လ ၁၀ ရက်နေ့ခန့်က မိုးညှင်းမြို့မှ အင်းတော်- ကသာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ စစ်အင်းအား ၁၀၀ နီးပါးသည် အင်းတော်နဲ့ ဗန်းမောက်ကြားတွင် စစ်ကြောင်းထိုးလှုပ်ရှားလျက် ရှိရာ ယမန်နေ့ ဇွန်