ဗျူဟာမှူး
-
Jul- 2025 -3 Julyသတင်း
ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ
ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…
Read More »