ဆင်ဖြူရှင် တံတား ဂိတ်စခန်းကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ရဲနှင့်စစ်သားများ သေဆုံး

စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ကြားရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဆားလင်းကြီး (Salingyi Special Task Force) မှ သိရသည်။ အဆိုပါ ဂိတ်စခန်းသည် ဒေသခံပြည်သူများကို ငွေကြေးတောင်းခံခြင်း၊ မတရားစစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများနှင့် ပူးပေါင်းရန် သတိပေးခဲ့သော်လည်း ပူးပေါင်းခြင်းမရှိသဖြင့်