မလေးရှား

  • Jul- 2024 -
    22 July
    သတင်း

    မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Semi Final Welterweight မှာ ကချင်သားလေး အနိုင်ရ

    မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph  Sut Du Aung  ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကိုတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Lalaport shopping mall the Cage မှာ  ဇူလိုင်၂၀ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး Joseph  Sut Du Aung ကနေပြီးတော့ ပြိုင်ဘက်ကစားသမားဖြစ်တဲ့ မလေးရှားနိုင်ငံသား Galvin Steven ကို ပထမအချီ ၁ မိနစ်နဲ့ ၅၇ စက္ကန့်မှာ အလဲထိုးအနိုင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ “ပျော်သလောက်တော့ပျော်ပါတယ် ဒါပေမယ့်လည်း ကျွန်တော့်အတွက် ဖိအားရှိတာကတော့ နောက်ပွဲဆိုတော့ ဒီပွဲအတွက်တော့ ထူးထူးခြားခြားပြင်ဆင်တာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ထရိန်နင်ပုံမှန်လုပ်နေတာဆိုတော့”လို့ ဂျိုးဆပ်ဆွတ်ဒူအောင် (Joseph  Sut Du Aung)ကပြောပါတယ်။ လက်ရှိချိန်ထိ Joseph  Sut Du Aung ကတော့ ကစ်ဘောက်ဆာ ၆ ပွဲထိုးတဲ့ထဲမှာ ၃ ပွဲနိုင်၃ပွဲရှုံးထားပြီး သိုင်းပေါင်းစုံ Rage(MMA) ၃ ပွဲမှာ ၃ပွဲစလုံးအနိုင်ရရှိထားပြီး ဗိုလ်လုပွဲ(Grand Final)ကိုတော့ စက်တင်ဘာလ ၇ရက်နေ့မှာ ပြန်လည် ထိုးသတ်သွားမယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံး တိုးတက်ပြောင်းလဲလာပြီး ဆိုရှယ်မီဒီယာတွေတွင်ကျယ်လာတာနဲ့အမျှ တိုက်ခိုက်ရေးအားကစားတွေဖြစ်တဲ့ သိုင်းပေါင်းစုံ(MMA)၊ဘောက်ဆာ(Boxing)၊လက်ဝှေ့နဲ့ မွေထိုင်းလို အားကစားတွေလည်း လူငယ်တွေအကြားစိတ်ဝင်စားမှုအလွန်မြင့်တက်လာတာဘဲ ဖြစ်ပါတယ်။…

    Read More »
  • Apr- 2024 -
    18 April
    သတင်း

    မလေးရှားနိုင်ငံမှာ ကချင်စစ်ဘေးရှောင်တွေအတွက်ရန်ပုံငွေရှာပွဲကျင်းပ

    မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ကချင်စစ်ဘေးရှောင်တွေအတွက် ဘော်လုံးပြိုင်ပွဲကျင်းပြီးရန်ပုံငွေရှာခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးအဖွဲ့တာဝန်ရှိသူဆီကနေ သိရပါတယ်။ ကချင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာတဲ့အနေနဲ့  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ ဧပြီလ ၁၅ နေ့ မနက် ၇ နာရီကနေ ညနေ ၆နာရီဝန်းကျင်ထိ ဘောလုံးပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဆဒန်ဇော်ဖရင်(Shadan…

    Read More »
Back to top button