မိုင်းနား
-
Feb- 2026 -2 Februaryသတင်း
ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့ င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့ ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Jul- 2025 -18 Julyသတင်း
မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။ မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
Jul- 2024 -19 Julyသတင်း
ရေဘေးဒဏ်ကြောင့် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေး ရွာ ၃ရွာက လူနေအိမ် ၈၀ ဝန်းကျင်ထိခိုက်ပျက်စီး
ရေဘေးသင့်ခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၃ ရွာက နေအိမ် ၈၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက်ပျက်စီသွားတဲ့ရွာတွေဟာ မိုင်းနားကျေးရွာ၊ ခတ်ချိုနဲ့ နောင်တာလော ရွာတွေကဖြစ်တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားအချက်အရ သိရပါတယ်။ အဲဒီထဲမှ ထိခိုက်ပျက်စီးမှုအများဆုံးဟာ မိုင်းကျေးရွာအုပ်စုထဲက ဟိုးလော်နဲ့ရဝမ်ကထောင်ရပ်ကွက်အပြင် နောင်တလောကျေးရွာမှာရှိတဲ့ ရေလည်ကျွန်းက နောင်တာလော ရပ်ကွက် ၂တို့ ဖြစ်တယ်လို့ သိရပါတယ်။ “ထိခိုက်ဆုံးရှုံးမှုတွေကတော့ နေအိမ်တွေ ဝန်းတွေ ပေ ၆၀နဲ့ ၇၀ ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ် မြေပြိုပြီးပါသွားတယ်”လို့ မိုင်းနားရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ မိုင်းနားကျေးရွာအုပ်စု ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၁၆ အိမ်၊ ခတ်ချိုကျေးရွာ နေအိမ် ၃၈ အိမ်၊ နောင်တာလောကျေးရွာရပ်ကွက်(၂)က ရေလည်ကျွန်းမှာရှိတဲ့ အိမ်ခြေ(၂၆) အိမ်ထဲက ၅ အိမ်သာကျန်ရှိတော့တယ်လို့ နောင်တာလောအခြေစိုက် မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းရဲံ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “အဓိကအားဖြင့်အိမ်လုံးဝမရှိတော့တဲ့သူတွေအတွက်တော့ တအားခက်ခဲနေတယ်ပေါ့ စားဖို့သောက်ဖို့ကအစပေါ့ သူတို့က အိမ်တွေဝင်းတွေအကုန်ပါသွားတဲ့အခါကြတော့ သူတို့အတွက် ကူညီပေးနိုင်တဲ့အဖွဲ့အစည်းတွေ နေမယ့်နေရာနဲ့ စားဖို့သောက်ဖို့ကူညီပေးရင်တော့ ကောင်းတာပေါ့”လို့ သူကဆက်ပြောပါတယ်။ နေအိမ်နဲ့ အိမ်ခြံဝန်းတွေ ထိခိုက်ဆုံးရှုံးသွားတာကတော့ များသောအားဖြင့် မြစ်ကမ်းနားဘေးနားနေထိုင်တဲ့သူတွေဖြစ်ပြီး လတ်တလောမှာတော့ နီးစပ်ရာဆွေမျိုးတွေရဲ့ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်တဲ့သူတွေရှိသလို တစ်ချို့ကတော့ နေအိမ်တွေပြိုသွားပေမယ့် အဲဒီခြုံဝန်းထဲမှာဘဲ တဲထိုးပြီးနေနေကြတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ အခုလိုပျက်စီးဆုံးရှုံးမှုအခြေအနေတွေကြောင့် ဝိုင်းမော်မြစ်ကမ်းပါးတစ်လျှောက်မှာနေထိုင်တဲ့သူတွေအနေနဲ့လည်း ကမ်းပါးတစ်လျှောက် ရေကာတာတွေကို သေချာဆောက်လုပ်ပေးဖို့ မျှော်လင့်နေကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိနိုင်ငံရေးအခြေအနေအရ ဝိုင်းမော်မြို့နယ်တစ်ဝိုက်မှာ ကေအိုင်အေပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးပြင်းထန်နေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သေချာတာဝန်ယူဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အပြင် ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပက်သက်ပြီး ဝိုင်းမော်ဒေသခံတွေနဲ့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေ ကသာ ကိုယ်ထူကိုယ်ထဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ ဇူလိုင်လ လဆန်းပိုင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက် ၆ ပေကျော် စံချိန်တင်မြင့်တက်ခဲ့တာကြောင့်…
Read More » -
Mar- 2024 -15 Marchသတင်း
မိုင်းနားမှာ တုံဖုံးကားအချင်းချင်းတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တုံဖုံးကား ၂ စီးတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့လည် ၁နာရီ ၁၅မိနစ်ဝန်းကျင်အချိန် မိုင်နားကျေးရွာ လမ်းဆုံတစ်နေရာမှာ…
Read More » -
May- 2022 -18 Mayစစ်ပြေးဒုက္ခသည်များ
ယိုယွင်းပျက်စီးလာသည့် ကချင်စစ်ရှောင်စခန်းအချို့ပြင်ဆင်ရန် လိုအပ်နေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ ယိုယွင်းပျက်စီးလာသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ “ဝါးနဲ့ပဲ လုပ်ထားတဲ့ကြမ်းခင်းတွေဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဆွေးသွားတာတွေလည်း အများကြီးရှိတယ်။ အပေါ်ကဆိုလည်း မိုးကယိုတော့ ဒီကြမ်းခင်းတွေက ပိုပြီးဆွေးလွယ်တာပေါ့။ တစ်ခါတစ်လေ အဆောင်ထဲဝင်တာနဲ့…
Read More »




