သတင်း

မိုင်းနားမှာ တုံဖုံးကားအချင်းချင်းတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တုံဖုံးကား ၂ စီးတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဒီနေ့လည် ၁နာရီ ၁၅မိနစ်ဝန်းကျင်အချိန် မိုင်နားကျေးရွာ လမ်းဆုံတစ်နေရာမှာ သဲကျောက်သယ်လာတဲ့တုံဖုံးကားနဲ့ ထင်းသယ်လာတဲ့ တုံဖုံးကားအပြာရောင်တို့ အချင်းချင်းတိုက်မိပြီး တုံဖုံးကားကတော့ မှောက်သွားခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့မှ အဖွဲ့ဝင်တစ်ဦးကခုလိုပြောပါတယ်။

တုံဖုံးကားအပြာကတော့ ထင်းသယ်ပြီးလာ  တစ်ဖက်ကလည်းသဲကျောက်ကားကပြန်ထွက်လာဆိုတော့ လမ်းဆုံလည်း ဖြစ်နေတော့ လမ်းကြောညှိသွားတာပေါ့လို့ ဆိုပါတယ်။

အခုလို ယာဉ်တိုက်မှုကြောင့် သဲကျောက်တင်တဲ့တုံးဖုံးကားက ယာဉ်မောင်းသူတစ်ဦးနဲ့ ထင်းသယ်လာတဲ့တုံးဖုံးက ကလေးတစ်ဦးအပါအဝင် စုစုပေါင်း  ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦးကတော့ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သူက ခုလိုဆက်ပြောပါတယ်။

မှောက်သွားတဲ့တုံဖုံးကားရဲ့ အနောက်မှာစီးပါလာတဲ့ အမျိုးသားကတော့ ညာဘက်ခြမ်းနံရိုးနဲ့ ပင်မကျောရိုးမှာ ထိတော့စိုးရိမ်ရတဲ့ အခြေအနေမှာတော့ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားပြီး ခွဲစိတ်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့တုန်းကလည်း ဝိုင်းမော်မြို့နယ် ဆဒုံ ကန်ပိုင်တည်ကနေ ကားတာယာတွေတင်ပြီးဆင်းလာတဲ့ တွဲကားယာဥ်တစ်စီး ၃၆ မိုင်ရေတံခွန်နား တိန်းမှောက်ခဲ့ပြီး ယာဥ်မောင်းသူ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦး ယာဥ်နဲ့ညှပ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂၄ နှစ်အရွယ် မန္တလေးမြို့ဇာတိ ကိုရဲနောင်ထက်ဆိုသူက ခြေထောက်တစ်ဖက်ကျိုးသွားခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button