မိုးကောင်းမြို့

  • Aug- 2024 -
    12 August
    သတင်း

    မိုးကောင်းမြို့ ရပ်ကွက် ၂  ခုမှာ MPT ဖုန်းလိုင်းရ

    ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂  ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ်ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။  ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့တွင်း MPT ရုံးနဲ့ အစိုးရရုံးတစ်လျှောက် MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ဖိုးချစ်ကုန်းရပ်ကွက်နေရာတစ်ချို့၊ မိုးကောင်းမြို့ MPTရုံးအနီးနဲ့ ကျွန်းတောရပ်ကွက် ဖုန်းပြောလို့ရနေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “MPT အိတ်ချိန်းရုံးကနေ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်ဘဲ ဦးစားပေးလွှင့်ပေးတယ်လို့ သိရတယ်။ ၂ ရက်လောက်ရှိပြီ အဲဒီဖိုးချစ်ကုန်းမှာရှိတဲ့  MPT ရုံးနားနဲ့တစ်ချို့နေရာတွေရနေတာ ပြီးတော့ ကျွန်းတောတံတားမှာရတယ် စျေးနားက စနေမဆိုင်မှာက အထွက်ဘဲရတယ် အဝင်မရဘူး”လို့ ပြောပါတယ်။ မိုးကောင်းမြို့ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်မှာသာ ဖုန်းလိုင်းရနေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာ ဖုန်းလိုင်း တိုင်တောင်မပေါ်ဘူးလို့ သူကဆက်ပြောပါတယ်။ မိုးကောင်းမြို့ဟာ မြစ်ကြီးနားနဲ့ မိုင်အားဖြင့် ၄၅ မိုင်ခန့်အကွာမှာရှိပြီး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် မိုးကောင်းမြို့ပြည်သူတွေ  ဖုန်းပြောဖို့  မြစ်ကြီးနားဘက်ကို ရထားနဲ့နေ့တိုင်းတက်လာပြီး ဖုန်းပြောနေကြတာဖြစ်ပေမယ့် ဩဂုတ်လ ၇ ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့တွင်းမှာဖုန်းလိုင်းရနေတာကြောင့် မြစ်ကြီးနားတက်သူမရှိတော့ဘူးလို့ သိရပါတယ်။ လက်ရှိ မိုးကောင်းမြို့တွင်း ဖုန်းလိုင်းတွေရနေပြီလို့ သိရပေမယ့် မြို့တွင်းအချင်းချင်းဆက်သွယ်ဖို့ ခက်ခဲနေသေးသလို အင်တာနက်လိုင်းကတော့ လုံးဝမရသေးတာကြောင့် ငွေလွှဲဝန်ဆောင်မှုအားလုံး ရပ်တန့်နေတဲ့အတွက် ပြည်သူတွေခက်ခဲနေကြတယ်လို့ သိရပါတယ်။ “ဖုန်းလိုင်း ရတယ်ဆိုရုံလောက်ဘဲ လိုင်းကသိပ်မကောင်းသေးဘူးဗျ။မြို့ထဲအချင်းချင်းဆက်ရဖို့တောင် အရမ်းခက်တယ်။ အင်တာနက်လိုင်းတော့ လုံးဝမရပါဘူး။ ဒါကြောင့် ငွေတွေလွှဲမရ ထုတ်မရခက်နေကြတယ်”လို့ နောက်ထပ်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မိုးကောင်းမြို့မှာ တစ်ခြားမြို့နယ်တွေလို အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမရှိတာကြောင့် လက်ရှိ ဖုန်းလိုင်းရနေရာမှာ ဖုန်းလာပြောသူတွေ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။  မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ မိုးကောင်းမြို့ဟာ မိုးညှင်းခရိုင်ထဲကမြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၇ သန်းခေါင်စာရင်းအရ လူဦးရေ  ၁၃၂၆၀၈ နေထိုင်ပြီး  မြို့ပေါ်ရပ်ကွက် (၈)ခု၊ ကျေးရွာအုပ်စု (၃၈)စု  ကျေးရွာပေါင်း ၇၃ရွာ တို့နဲ့ ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Apr- 2024 -
    5 April
    သတင်း

    နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား

    မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မိုးကောင်းမြို့နယ်ထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ SNA တပ်တွေဟာ ဆေးရုံအဆောက်အဦးထဲ ဝင်ရောက်တပ်စွဲနေပြီး ဆေးရုံရှေ့လမ်းမမှာတော့ လမ်းသွားလမ်းလာသူပြည်သူတွေကို စစ်ဆေးပြီး အခွန်ကောက်ခံနေတယ်လို့ နန်းခွင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနက်ကနေ တပ်စွဲထားတယ် အရင်လို SNA ဝတ်စုံနဲ့မဟုတ်ဘူး အရပ်ဝတ် အပြင်ကျည်ကာလိုမျိုး အမည်းရောင် ဝတ်စုံနဲ့နေကြတယ်။ ဟုတ်တယ် ဆေးရုံအရှေ့မှာဆေးရုံက ပြည်ထောင်စု ကားလမ်းမကြီးနံဘေးမှာကားတွေကို ထွက်တားပြီး ငွေကောက်နေတာ”လို့ပြောပါတယ်။ လက်ရှိ SNA တပ်ဖွဲ့ဝင်ရောက်တပ်စွဲနေရာယူနေတဲ့ ဆေးရုံဟာ ရပ်ကွက်(၆) ရွှေနန်းမြေလမ်းမထိပ်မှာရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ဆေးရုံဖြစ်ပြီး ဖွင့်ပွဲမကျင်းပရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။ SNA တပ်ဖွဲ့ဆေးရုံမှာတပ်စွဲနေရာယူလိုက်တဲ့နောက် မနက်ပိုင်း ၇ ခွဲဝန်းကျင်မှာ နန်းခွင်ခန်းမဆောင်အနီး လက်နက်ကြီး နှစ်လုံးကျပေါက်ကွဲခဲ့တယ်လို့ သိရပြီး ထိခိုက်တာတွေတော့မရှိဘူးလို့ ဒေသခံတစ်ဦးက ခုလိုဆကပြောပါတယ်။ “ဆေးရုံနဲ့ ကျေးရွာခန်းမကြီးနဲ့က မဝေးဘူး လမ်းတစ်လမ်းကျော်ပဲ မနက်ဘယ်အဖွဲ့ပစ်တာလဲတော့ မသိဘူး လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာလည်းရှိတယ် လူအထိအခိုက်တော့ မရှိဘူး”လို့ ပြောပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ နန်းခွင်ဆေးရုံသစ်မှာ ဝင်ရောက်တပ်စွဲနေတဲ့ SNA တပ်ဖွဲ့ ဟာ စုစုပေါင်း အင်အား ၂၀ ဝန်းကျင်ရှိနိုင်တယ်လို့  ခန့်မှန်းပြောဆိုနေကြပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင် နန်းခွင်တံတားအဆင်းမှာ စစ်ကောင်စီနဲ့ ပင်းဘောပြည်သူ့စစ်တွေ ပူးပေါင်းပြီး လမ်းပေါ်ဖြတ်သန်းသွားလာနေတဲ့ အရပ်သားတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တဲ့ဖြစ်စဉ်တွေရှိလည်းရှိခဲ့ပါတယ်။ အဲဒီနောက် SAN တပ်တွေဟာ နန်းခွင်ရွာကနေ ထွက်ခွာသွားကြပေမယ့် မတ်လ လဆန်းပိုင်းကနေစပြီး ပြန်ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ နန်းခွင်ရွာဟာ မိုးကောင်းမြို့နယ်နဲ့မြို့နယ်မြို့နယ်ကြားမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာလေးဖြစ်ပါတယ်။ By – Zami

    Read More »
  • Dec- 2023 -
    12 December
    သတင်း

    မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ နေ့လည် ၁၂ နာရီလောက်မှာ မိုးကောင်းမြို့နယ် အိုးတန်းရပ်ကွက်မှာရှိတဲ့ ကျွန်းတောတံတားပေါ် လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်လာချိန် စစ်ကောင်စီဘက်ကစစ်ဆေးဖို့ တားဆီးရာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “ကျမတို့ကြားတာတော့…

    Read More »
  • Oct- 2022 -
    16 October
    သတင်း

    မိုးကောင်း ၄ မိုင်း ကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရ

    ကချင်ပြည်နယ် မိုးကောင်းမြို့ အဝင် ၄ မိုင်ကျေးရွာ၏ ကျောင်းထိုင်ဆရာတော်ဘုန်းကြီး ယနေ့ည ၈နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖြစ်စဉ်မှာ ၄ မိုင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အုပ်ချုပ်ရေးမှူးအပါ ကျောင်းထိုင်ဆရာတော်နှင့်အတူရှိနေစဉ် အမည်မသိအဖွဲ့အစည်း ၁၀ ဦးခန့်က…

    Read More »
  • May- 2021 -
    10 May
    လူ့အခွင့်အရေးချိုးဖောက်မှု

    မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ရမ်းသမ်းပစ်ခတ်နေ

    မိုးကောင်းမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို ခြိမ်းခြောက်သည့်သဘောဖြင့် မြို့တွင်း သေနတ်ပစ်ခတ်မှုနှင့် မိုင်းဖောက်ခွဲမှုများ ပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။ မေလ ၉ ရက်ည ၈နာရီနှင့် ၉နာရီကြားတွင် မြို့တော်ခန်းမနှင့် ပြည်ထောင်စုလမ်းမတစ်လျှာက်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသူ မိုးကောင်းဒေသခံတစ်ဦးက…

    Read More »
  • Apr- 2021 -
    6 April
    သတင်း

    မိုးကောင်းမြို့  NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

    မိုးကောင်းမြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ယနေ့ ဧပြီလ ၆ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက်တွင်နေသူ အသက် ၅၀ ဝန်းကျင် ဦးကျော်ထက်ဝင်း(ခ)ကိုထွေး၊ နတ်ကြီးကုန်းရပ်ကွက်တွင် နေထိုင်သည့်…

    Read More »
Back to top button