သတင်း

မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ နေ့လည် ၁၂ နာရီလောက်မှာ မိုးကောင်းမြို့နယ် အိုးတန်းရပ်ကွက်မှာရှိတဲ့ ကျွန်းတောတံတားပေါ် လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်လာချိန် စစ်ကောင်စီဘက်ကစစ်ဆေးဖို့ တားဆီးရာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။

ကျမတို့ကြားတာတော့ လူငယ်နှစ်ယောက်ကထွက်ပြေးတာ အဲ့မှာသေနတ်နဲ့လိုက်ပစ်တာတဲ့ တစ်ယောက် တော့သေသွားတယ် ပြီးရင်နောက်တစ်ယောက်ကတော့ဖမ်းခံရတယ်လို့ကြားတယ် လို့မိုးကောင်းဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။

အဲ့ဒီဖြစ်စဥ် နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ပစ်ခတ်ခံခဲ့ရမှုမှာ သေဆုံးခဲ့သူရဲ့ ရုပ်အလောင်းကိုသွားကောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့အခုလိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်ကိုတော့ ကျနော်တို့မသိဘူး ရုပ်အလောင်းကိုတော့သွားသယ်ပေးတယ် ကျွန်းတော တံတား ထိပ်မှာပေါ့ ဖြစ်ပြီးမှကျနော်တို့ဆီဆက်သွယ်လာလို့ သွားသယ်ပြီးဆေးရုံကိုပို့ပေးခဲ့တယ် ဘယ်သူ ဘယ်ဝါဆိုတာလည်း မသိဘူး မျက်နှာလည်းအုပ်ထားတယ် “ လို့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ပစ်သတ်ခံရပြီးသေဆုံးခဲ့တဲ့သူဟာ အသက် ၃၀ ခန့်အရွယ် လူလတ်ပိုင်းလို့ သိရပြီး သေဆုံးသူရဲ့ အသေးစိတ် အခြေနေကိုတော့ KNG က အတည်ပြုနိုင်တာမရှိသေးပါဘူး။

မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လက စစ်ကောင်စီရဲ့ ကျောင်းလာကြိုတဲ့ကားပစ်ခတ်ခံခဲ့ရပြီးနောက် ပိုင်း မိုးကောင်းမြို့တွင်း ပိတ်ဆို့စစ်ဆေးမှုတွေရှိခဲ့သလို အရပ်သားတွေရာနဲ့ချီဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီဖမ်းဆီး ခံခဲ့ရတဲ့ထဲက အရပ်သားတစ်ချို့လည်း စစ်ကြောရေးမှာသေဆုံးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button