မိုးညှင်း
-
May- 2025 -14 Mayသတင်း
အင်းတော်ကြီးမှာ KIA ပူးပေါင်းတပ်နဲ့ SNA တပ်တို့တိုက်ပွဲဖြစ်
ကချင်ပြည််နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ မေလ ၁၄ ရက် ဒီမနက်အစောပိုင်းကစပြီး ဆနွင်းကုန်းနဲ့ အင်းသာကျေးရွာဘက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ SNA စစ်ကောင်စီတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာလို့…
Read More » -
Apr- 2025 -28 Aprilသတင်း
အင်းတော်ကြီးဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၅ ရွာက ပြည်သူများတိမ်းရှောင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လက်ပံဆိုက်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ရွာပေါင်း ၅ ရွာက ပြည်သူများ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့ စစ်ကား ၅ စီး၊ အင်အား ၁၀၀…
Read More » -
4 Aprilသတင်း
မိုးညှင်းမြို့ ဆန်းသစ်စတိုးဆိုင်အနီး ပေါက်ကွဲမှုဖြစ်
ကချင်ပြည်နယ် မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ၊ ဆန်းသစ်စတိုးဆိုင်အနီးပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဧပြီလ ၄ ရက် ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင် အသံဗုံးတစ်လုံးပေါက်ကွဲတာလို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “အသံဗုံး…
Read More » -
4 Aprilသတင်း
မိုးညှင်းမှာ လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံရတယ်လို့ မိုးညှင်းဒေသခံ တွေပြောပါတယ်။ ဧပြီလ ၂ ရက်နေ့၊ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင် ရှမ်းနီအမျိုးသားများတပ်မတော်( SNA) တပ်နဲ့…
Read More » -
1 Aprilသတင်း
စစ်ကောင်စီ လေယာဉ်ဗုံးကျဲလို့ KIA ထံ စစ်သင်တန်းတက် လူငယ် ၄၀ နီးပါးသေဆုံး
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ နယ်မြေကို စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်သင်တန်းတက်နေတဲ့ ကချင်လူငယ် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေပိုင်း…
Read More » -
Feb- 2025 -12 Februaryသတင်း
တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက မိုးညှင်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းမှုတွေဆက်တိုက် လုပ်နေသလို ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က တပ်သားသစ် စုဆောင်းမှုနဲ့ ဂိတ်ချအခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။…
Read More » -
7 Februaryသတင်း
မိုးညှင်းမြို့မှာ ရဲနဲ့ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်လက်အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ တို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်လာတယ်လို့ မိုးညှင်းမြို့ပြည်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုးညှင်းမြို့ရှောင်လမ်းမှာ ခရီးသည်ယာဉ်နဲ့လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးကာ ငွေတောင်းခံ နေတဲ့ စစ်ကောင်စီလက်အောက်ရဲနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ဝင်…
Read More » -
Jan- 2025 -8 Januaryသတင်း
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊အခန်းငှားခ ဈေးအဆမတန်မြင့်တက်
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အိမ်ငှားခ၊ အခန်းငှားခ ဈေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မိုးညှင်း၊ မိုးကောင်းမြို့တွေမှာ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေထိုင်ကြတဲ့အတွက် ဈေးပိုမြင့်တက်လာတာဖြစ်ဝာယ်လို့ မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။ “မိုးညှင်းမှာ စစ်ကိုင်းဖက်က ပြီးတော့…
Read More » -
Jul- 2024 -18 Julyသတင်း
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။ “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jun- 2024 -28 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။ “အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင် ၅ ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူး”လို့သူကပြောပါတယ်။ အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊…
Read More »