မီတာယူနစ်
-
Jan- 2026 -21 Januaryသတင်း
ပူတာအိုမှာ မီတာယူနစ်အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေပြော
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ယခုလအတွင်းလျှပ်စစ်အသုံးပြုတဲ့မီတာယူနစ်တွေအဆမတန်မြင့်တက်သွားတာကြောင့် မီတာခတွေလည်းပုံမှန်ထက်ပိုပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ပေါ် ရပ်ကွက်အိမ်ခြေထက်ဝက်နီးပါးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအသုံးပြုခဲ့တဲ့ လျှပ်စစ်မီတာယူနစ်တွေဟာ ပုံမှန်ထက်အဆမတန်မြင့်တက်သွားတယ်လို့ ပူတာအိုမြို့ ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တစ်ခါမှဒီလိုမတက်ဖူးဘူး အရင်ကတစ်ခါတလေထိုးတက်တာတော့ရှိတယ် အလွန်ဆုံးတက်ရင် ငါးထောင်၊ ခြောက်ထောင်ပဲလေးဒီလကတော့ဘယ်လိုဖြစ်သလဲမသိဘူး ၂၂၅၀၀ (နှစ်သောင်းနှစ်ထောင့်ငါးရာ)တဲ့အိမ်သုံးနော်။ ဒါတောင် လုပ်ငန်းသုံးမဟုတ်ဘူး”လို့အသက် ၄၀ ကျော်အရွယ် ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ပုံမှန်လတွေဆို တစ်လကိုပုံမှန်အသုံးပြုနေတဲ့ မီတာယူနစ် ၆၀၊ ၇၀ ဝန်းကျင်ရှိရာကနေ ဒီတစ်လမှာတော့ ယူနစ် ၄၀၀ အထိခုန်တက်သွားတဲ့အတွက် ဘေလ်ဆောင်ခတွေလည်း အဆမတန်ပေးဆောင်ရကြောင်းဒေသခံတွေကဆိုပါတယ်။ “မီတာက တစ်ယူနစ်ကို ၅၀ ပဲ ခါတိုင်းတစ်လကို ယူနစ်ခြောက်တယ် ၇၀ လောက်ပဲသုံးတယ် တစ်ယူနစ်ငါးဆယ်ဆိုတော့ပုံမှန်အရင်က တစ်လကို ၃၀၀၀(သုံးထောင်) ကျော် ၄၀၀၀(လေးထောင်) အထိပဲ ဘေလ်ဆောင်ရတာအခုယူနစ်တက်တော့ နှစ်သောင်းကျော်ဆောင်ရတယ်လေး”လို့ သူကဆက်ပြောပါတယ်။ အလားတူနောက်ထပ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသမီးတစ်ဦးကလည်းအခုလိုပြောပါတယ်။ “ကျွန်မတို့လည်းဒီလမီတာအရမ်းတက်သွားတယ်ခါတိုင်းဆို ၇၀၀(ခုနှစ်ရာ)အများဆုံး ၁၀၀၀(ကျပ်တစ်ထောင်) ကျော်ကျော်ပဲကျတယ် ဒီလက ၉၀၀၀(ကျပ်ကိုးထောင်) ကျော်တယ် မီတာခက သွားဆောင်လိုက်တယ် သူများလည်းအများကြီးတက်တယ်တဲ့ တခုခုမှားတာလား တမင်သက်သက်နဲ့စျေးတက်ခိုင်းတာလားမသိဘူး”လို့သူကပြောပါတယ်။ ပူတာအိုမှာတော့ မြို့နယ်EPC က လျှပ်စစ်မီတာအသုံးပြုခ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းနဲ့ကောက်ခံတာဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ ပုံမှန်တစ်လကို ယူနစ် ၆၀၊ ၇၀ လောက်သာအသုံးပြုနေတဲ့အိမ်သုံးမီတာယူနစ်တွေဟာဒီလထဲ ယူနစ် ၃၀၀၊ ၄၀၀ လောက်အထိကုန်တက်သွားတာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်။ KNG သတင်းဌာနရဲ့ဆက်သွယ်စုံစမ်းချက်အရ မြို့ပေါ်က အိမ်ခြေ ထက်ဝက်နီးပါးမှာအခုလိုမီတာတွေထိုးတက်ခဲ့ပြီး တစ်ချို့အိမ်ခြေတွေကတော့ ပုံမှန်ကျသင့်တဲ့မီတာနှုန်းအတိုင်းပဲလို့သိရပါတယ်။ အခုလိုဖြစ်တာဟာ မီးတာခစျေးတက်ထားတာမဟုတ်ပဲ မီးတာဖတ်တဲ့လျှပ်စစ်ဝန်ထမ်းတွေမှားယွင်းမှုကြောင့်ဖြစ်နိုင်သလို မီတာဘောက်တွေချို့ယွင်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့ ပူတာအိုမြို့ EPC ရုံးမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ “တခါတလေတော့ဖြစ်တတ်တယ်အရင်လည်းဖြစ်ဖူးတယ်ဗျဒါပေမယ့်ဒီလောက်တော့မများဘူး ဒီတခါကတော့ပိုဆိုးသွားတာပေါ့မီတာသွားဖတ်တဲ့ကလေးတွေပဲမှားတာလား မီတာဘောက်တခုခုများဖြစ်တာလားကျနော်တို့လည်းမသိရသေးဘူး”လို့သူကပြောပါတယ်။ အခုလိုမီးတာခနှုန်းတွေထိုးတက်တာဟာ ရပ်ကွက်တခုထဲမှာပဲကွက်ပြီးဖြစ်တာမဟုတ်ပဲ အရပ်အကွက်အများစုမှာ နေရာကွက်ကျားဖြစ်တာလို့သိရပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီကနေတစ်နှစ်ပတ်လုံးနီးပါး နှစ်ခြားတစ်ကြိမ်၊တစ်ခါတစ်ရံသုံးရက်ကြားတစ်ကြိမ်သာလျှပ်စစ်မီးပေးပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေတော့ နေ့စဥ် တရက်ကိုနာရီအပိုင်းအခြားနဲ့ပုံမှန်မီးပေးလာတယ်လို့သိရပါတယ်။ “စက်တင်ဘာလလောက်ကထင်တယ်မီးမှန်လာတာ အဲ့မတိုင်ခင်အထိတော့ တစ်ခါတလေဆိုတစ်ပတ်ကိုတစ်ခါပဲမီးလာတယ်တစ်ခါတလေတော့နှစ်ခြားလောက်တစ်ခါပေးတယ် စက်တင်ဘာနောက်ပိုင်းကနေတော့လာတယ်မီးက နေ့တိုင်းပေးမယ် ရီပိုင်းနဲ့ပေါ့ ၂၄ နာရီလုံးလုံးတော့မလာဘူး ဒါပေမယ့်အခုရက်ပိုင်းမီးကပြန်မမှန်လာတော့ဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလလောက်ကနေ ပုံမှန်နီးပါးလျှပ်စစ်မီးပေးနေပမယ့် ဒီတစ်ပတ်အတွင်းကနေတော့ တစ်ရက်ကို ည ၉ နာရီလောက်ကနေမနက် ၅နာရီအထိ သာမီးလာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပူတာအိုနဲ့မြို့တော်မြစ်ကြီးနားအပါအဝင် ကချင် ပြည်နယ်တစ်ဝှမ်း စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့ လျှပ်စစ်မီးတွေယခင်လို ဖိုဖိုလုံလုံမရတော့တာ ၅ နှစ်ကျော်လာဖြစ်ပါတယ်။…
Read More »
