မီးလောင်ပြာကျ

  • Feb- 2025 -
    13 February
    သတင်း

    အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဈေးတောင်ဘက်ခြမ်းအထည်ဆိုင်ကနေ မီးလောင်မှုစတင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ မီးလောင်ပြာကျခဲ့ရတဲ့ နဘားဈေးဟာ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေ အားထားကြရတဲ့ ဈေးကြီးဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဒီနဘားဈေးက အဲ့ဒီနားမှာရှိတဲ့ ရွာနီးချုပ်စပ်ကဒေသခံတွေအားလုံးက အားထားရတဲ့ဈေးဟုတ်တယ်။ သူကရွာကြီး လည်းဖြစ်တယ်။ ကျန်တဲ့ရွာတွေမှာက ဈေးတွေမရှိကြဘူး။ ဒါ့ကြောင့် ကျန်တဲ့ရွာတွေကလည်း ဒီမှာပဲဈေးဝယ်သွားကြရ တာဟုတ်တယ်” လို့ နဘားဈေး အရေးပါပုံကို နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကရှင်းပြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေအကြား မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးတဲ့ နောက်မှာတော့ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ နဘားကျေးရွာအပြင် အနီးတစ်ဝှိုက်မှာ နေထိုင်သူတွေ သိပ်မရှိတော့သလို နဘားဈေးကလည်း အရင်လို မစည်ကားတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ “ဈေးရဲ့ ၃ ပုံ ၂ ပုံလောက်တော့ လောင်သွားတယ်ထင်တယ်။ ပေါ့ဆမီးကြောင့်လို့သိရတယ်။ ဈေးရဲ့တောင်ဘက် အထည် ဆိုင်ကစလောင်တာ။” လို့ ဆိုပါတယ်။ မီးငြိမ်းသတ်ရာမှာတော့ ဒေသခံတစ်ချို့နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ နဘားရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့ပေါ်နဲ့ ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • Jan- 2025 -
    15 January
    သတင်း

    ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်

    ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ  စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…

    Read More »
  • Nov- 2023 -
    7 November
    သတင်း

    ရှိန်းခေါင်ရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် အရေးအပေါ်အကူအညီလိုအပ်

    ပူတာအိုဒေသ ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် နစ်နာဆုံးမှုအလွန်များပြားပြီး ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။ ခေါင်လန်ဖူးဒေသရဲ့ လူဦးရေထူထပ်ပြီး ရေခဲတောင်အောက်မှာတည်ထားတဲ့ ရှိန်းခေါင်ရွာဟာ နိုဝင်ဘာလ ၇ ရက် ဒီကနေ့ မနက်ပိုင်း ၂ နာရီလောက်မှာ ကျေးရွာတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ တယ်လို့…

    Read More »
Back to top button