မော်ဖောင်း
-
Apr- 2024 -23 Aprilသတင်း
စစ်တပ်ကဖမ်းဆီးသွားတဲ့ မော်ဖောင်းကျေးရွာက ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦးလွတ်မြောက်လာ
မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာက ဖမ်းခံသွားရတဲ့ ဘာသာရေးဆရာ ၃ ဦးနဲ့ ကျောင်းစောင့် ၂ ဦး လွတ်မြောက်လာပြီလို့ အသင်းတော်နဲ့နီးစပ်သူတွေကနေ သိရပါတယ်။ ဧပြီ ၂၂ ရက် မနေ့ည ၇ နာရီလောက်မှာ ဖမ်းဆီးခံရတဲ့ ဘာသာရေးအမှုတော်ဆောင် ဆရာ ၃ ဦးနဲ့အတူ ကျောင်းစောင့် ၂ ဦး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့အာမခံချက်နဲ့ လွတ်လာပြီဖြစ်တယ်လို့ မော်ဖောင်းရွာ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည PCG ကတာဝန်ရှိသူတွေကိုယ်တိုင် ဘုရားကျောင်းဝင်းထိ လာပို့ပြီ အားလုံးလွတ်မြောက်ပြီ။ ဖမ်းထားတဲ့အချိန် စစ်ဆေးရာမှလည်း ခြေပါ၊လက်ပါ မလုပ်ဘူးတဲ့။ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပေါ့။ PCG ကနေမှ အာမခံချက်ပေးပြီး လွတ်မြောက်လာပြီ”ဟု နီးစပ်သူအသင်းသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ည ၁၀ နာခွဲဝန်းကျင် KBC နှစ်ခြင်းခရစ်ယန်ဘုရားထဲမှာရှိနေတဲ့ သင်းအုပ်နဲ့အတူ အမှုတော်ဆောင်ဆရာ ၁ ဦး၊ ကျောင်းစောင့် ၁ ဦးနဲ့ ကတ်သလစ်အသင်းတော်ဘုရားကျောင်းက တရားဟောဆရာနဲ့အတူ နောက်ထပ် ကျောင်းစောင့် ၁ ဦး၊ စုစုပေါင်း ၅ ဦး ကို စစ်တပ်ကဖမ်းခေါ်သွားတာဖြစ်ပါတယ်။…
Read More »