မြစ်ကြီးနား

  • Feb- 2026 -
    24 February
    သတင်း

    မြစ်ကြီးနားမှာ မြစ်ဆုံအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ  ၃ ကြိမ်ရှိလာ

    လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့ မြစ်ဆုံစီမံကိန်းအကောင်ထည်ဖော်ရေး လူထုတွေ့ဆုံပွဲ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြစ်ကြီးနား မြို့မှာ စစ်ကော်မရှင်ကလူထုတွေ့ဆုံပွဲပြုလုပ်တာ ၃ ကြိမ်အထိရှိလာတာပဲဖြစ်ပါတယ်။…

    Read More »
  • 23 February
    သတင်း

    KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ

    ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို  KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး…

    Read More »
  • 21 February
    သတင်း

    KIA ထိန်းချုပ်နယ်မြေ နေရာ ၅ ခုကို စစ်တပ်ကတစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO ပြော

    စစ်ကောင်စီတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားခဲ့တယ်လို့ KIO ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့…

    Read More »
  • 21 February
    သတင်း

    မြစ်ကြီးနားလေဆိပ်လက်နက်ကြီးကျပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ KIO/KIA ရဲ့ပုံရိပ်ကျဆင်းအောင်လုပ်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေပြော

    မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေး KIO/KIA ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဇတ်ဖန်းတီးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ  လက်ရှိချိန်မှာ အစိုးရအသစ်ဖော်ဆောင်နေပြီီး တစ်ဖက်မှာလည်းနိုင်ငံတကာနဲ့ တရုတ်အစိုးရရဲ့အမြင်မှာ  KIA နဲ့ PDF ပူးပေါင်းတပ်က အကြမ်းဖက်နေတဲ့ပုံစံထင်ယောင်ထင်မှားဖြစ်အောင် ဆက်တိုက်လုပ်ဆောင်လာတာမြင်တွေ့လာရတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါက စစ်တပ်ကိုယ်တိုင်လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်။ ပြောရရင် မြစ်ကြီးနားမှာ KIA နဲ့ PDF တွေက လေယာဉ်ကွင်း လေဆိပ်တွေအထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ်ဆိုတဲ့ အမြင်မှားအောင် တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ စစ်တပ်က အခု အစိုးရအသစ်လည်း ဖွဲ့စည်းတော့မယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်းတွေ ထပ်ပြီးလုပ်ဆောင်လာဖို့အတွက် လုပ်ဇတ်လုပ်နေတယ်။ KIA နဲ့ PDF တွေရှိနေရင် လုံခြုံမှုမရှိဘူးဆိုပြီး မဖြစ်ဖြစ်အောင် လုပ်နေတဲ့သဘောလို့ပဲသုံးသပ်ပါတယ်”လို့ပြောပါတယ်။ ပြည်သူတွေရှိတဲ့ လေဆိပ်နေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေအထိ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ စစ်တပ်ဟာ မြစ်ဆုံစီမံကိန်းဖော်ဆောင်နိုင်ဖို့ KIA နဲ့ တော်လှန်တပ်ဖွဲ့တွေကို မြို့နဲ့ နီးတဲ့အနီးတဝိုက်မရှိစေလိုတဲ့ ရည်ရွယ်ချက်တဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ သုံးသပ်နေတာလည်းဖြစ်ပါတယ်။ နောက်ပြီး မြစ်ကြီးနားမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ဝိုင်းမော်မြို့အနီးတစ်လျှောက် ကျေးရွာတွေမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA သိမ်းပိုက်နယ်မြေဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆဒုံးနဲ့ ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ စစ်ကြောင်းထိုးဝင်နိုင်မရှိမရှိတဲ့အတွက် ဝိုင်းမော်မြို့အနီး မိုင်းနား၊ ဝူယန်နဲ့ လမြန်ကျေးရွာတစ်လျှောက် နှစ်ဆန်းပိုင်းကနေ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအကောင်အထည်မဖော်နိုင်တဲ့အတွက် မြစ်ကြီးနားမြို့ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အခြေအနေလည်း ပါဝင်နိုင်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတွေ ပြောပါတယ်။ စစ်တပ်ဟာ အစိုးရအသစ်ပြောင်းလဲလာတဲ့တစ်ချိန်ထဲမှာပဲ မြစ်ဆုံစီမံကိန်းကိုလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ရှိလာတာကြောင့် အများပြည်သူရဲ့ အားပေးထောက်ခံမှုတွေ ရရှိအောင် ကြိုးပမ်းနေတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် ကချင်အရေးကျွမ်းကျင်တဲ့ အမျိုးသားတစ်ဦးလည်း အခုလိုဆက်သုံးသပ်ထားပါတယ်။ “လေဆိပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမလုပ်ဘူးလို့လုံးဝမပြောနိုင်ပါဘူး။ အခုဆို စီမံကိန်းနဲ့ ပတ်သက်ပြီးမှ ပြည်သူလူထုရဲ့ မေတ္တာ ထောက်ခံမှုတွေဆိုချင်နေတယ်။ အဲ့ဒါကြောင့် KIA နဲ့ PDF တွေက မကောင်းတဲ့ ပုံစံဖြစ်အောင် ဖန်းတီးနေတာလည်းဖြစ်နိုင်တယ်။ မြစ်ကြီးနားမှာရှိတဲ့ လူတော်တော်များများလည်း အဲ့လိုပဲသုံးသပ်နေကြပါတယ်”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ အများပြည်သူသုံးလေဆိပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပထမအကြိမ် ဒရုန်းနဲ့ပစ်ခံရချိန်မှာလည်း စစ်ကောင်စီက KIA နဲ့ PDF တွေသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အလားတူ မနေ့က ဖေဖော်ဝါရီလ ၂၀ ည ပစ်ခတ်ခံရတဲ့အခြေနေမှာလည်း KIA နဲ့ PDF တွေရဲ့ လက်ချက်သာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးပြောဆိုတာတွေလည်းရှိလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဘက်ကမဟုတ်ကြောင်း ငြင်းဆိုထားသလို KIA က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာ၊ ရန်သူမရှိတဲ့ နေရာတွေကို ပစ်ခတ်တာမလုပ်ဘူးလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားတာရှိပါတယ်။ ကချင်နိုင်ငံရေးသုံးသပ်သူတွေရဲ့ ပြောဆိုချက်အရလည်း KIO၊PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မည်ဆိုပါက စစ်တပ်လေယာဉ်ကွင်း နန့်ပေါင်လေတပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်ကြမှာဖြစ်တယ်လို့…

    Read More »
  • 20 February
    သတင်း

    တနိုင်းမှာ ရေခဲငါးတစ်ပိဿာ ငါးသောင်းကျပ် အထိစျေးမြင့်တက်

    ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်သွားတဲ့နောက် တနိုင်းမြို့မှာ ရေခဲငါးတစ်ပိဿာ ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိစျေးမြင့်တက်နေတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ရွှေဘို–မြစ်ကြီးနားကားလမ်းပိတ်သွားတဲ့နောက်ပိုင်း တနိုင်းမြို့ထဲအခြေခံစားသောက်ကုန်အဝင်နည်းလာသလို လက်ကျန်ရောင်းနေတဲ့ကုန်ပစ္စည်းတွေလည်း စျေးနှုန်းအဆမတန်မြင့် တဲ့အပြင် တစ်ခြားသောအခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်တာတွေကြုံနေရတယ်လို့  တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “အရင်ကတော့ ရေခဲငါးတပိဿာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊၅၀၀၀၀ (ငါးသောင်း) ကျပ်အထိစျေးမြင့်တက်စျေးတက်တာမကြာသေးဘူး။ လမ်းပိုင်းပိတ်တဲ့နောက်ပိုင်းမှတက်တာ ဆားလည်းတထုပ်ကို နှစ်ထောင့်ငါးရာဖြစ်သွားပြီ”လို့ ပြောပါတယ်။ ရွှေဘို–မြစ်ကြီးနားလမ်းပိုင်းမပိတ်မှီ တနိုင်းမှာ ကြက်သားတပိဿ ၃၅၀၀၀ (သုံးသောင်းငါးထောင်) ယခု ၆၀၀၀၀ (ခြောက်သောင်း)၊ ငါးတပိဿ ကျပ် ၃၀၀၀၀ (သုံးသောင်း) လက်ရှိ ၅၀၀၀၀ (ငါးသောင်း) ယခင်အိုင်အိုဒင်းဆား တထုပ်ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ယခု ၂၅၀၀ (နှစ်ထောင့်ငါးရာ) စသဖြင့်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ မြို့ခံတွေပြောပါတယ်။ “ကုန်စျေးတက်နေတာ တစ်လကျော်ကျော်လောက်တော့ရှိပြီ ခုပိုတောင်တက်တက်လာတယ်။ ကြက်သွန်နီဆိုရင်လည်း တပိသာ ၅၀၀၀ (ငါးထောင်) ကနေအခု ကျပ် ၈၀၀၀ (ရှစ်ထောင်အထိ) တက်တယ်။ ကြက်သွန်ဖြူဆိုရင် တပိဿာ တစ်သောင်းကျော်သွားပြီ ကြက်ဥ၊ခေါက်ဆွဲခြောက်အစအကုန်တက်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ တနိုင်းဒေသအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်စည်တွေကို မြစ်ကြီးနား– တနိုင်းကားလမ်းပိုင်းကနေတဆင့် မြန်မာပြည်အောက်ပိုင်းမန္တလေး၊ရန်ကုန်ဘက်က တင်သွင်းတဲ့ကုန်တွေကိုပဲအဓိကအားထားနေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြစ်ကြီးနား–မန္တလေးဗျူဟာကားလမ်းပိုင်းရဲ့တစိပ်တပိုင်းဖြစ်တဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်မှာစစ်ကောင်စီတပ်ကပိတ်ထားပြီး ရွှေကိုးပင်ဂိတ်အကျော်မှာလည်း ကာကွယ်ရေးတပ်တွေက ဗျူဟာလမ်းပိုင်းကိုပိတ်ထားတာတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကားသမားတွေဟာ ပိတ်ထားတဲ့ဗျူဟာလမ်းပိုင်းနေရာအစား ကွင်းလမ်းအသုံးပြုသွားနေရတဲ့အတွက် ပုံမှန်တရက်ခရီးသာရှိတဲ့ ရွှေဘို–မြစ်ကြီးနားလမ်းကို ကွင်းလမ်းသုံးပြီး ရက်ပေါင်း ၂၀ နီးပါးကြာသွားနေရတယ်လို့ ကားသမားတွေပြောပါတယ်။ အခုလိုရွှေဘို–မြစ်ကြီးနားကားလမ်း ဗျူဟာလမ်းပိုင်းပိတ်ထားတာ ကွင်းလမ်းမှာခက်ခက်ခဲခဲသွားလာနေရတာတွေကြောင့် လက်ရှိ တနိုင်းဒေသအပါအဝင် မြို့တော်မြစ်ကြီးနားနဲ့ ပူတာအို၊ဖားကန့်စတဲ့မြို့နယ်တွေဘက်မှာလည်း အခြေခံစားသောက်ကုန်တွေစျေးကြီးတာ၊အချို့ကုန်စည်နဲ့အခြေခံဆေးဝါးပြတ်လပ်တာတွေ ပိုပြီးဆိုးလာနေတယ်လို့ ဒေသခံပြည်သူတွေပြောပါတယ်။ ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်ကတည်းကနေ ကွင်းလမ်းအသုံးပြုသွားလာနေရတာဖြစ်ပေမယ့် ယခင်နှစ်တွေမှာတော့ တစ်ပတ်ကနေ ၁၀ ရက်ဝန်းကျင်အထိ ကြာမြင့်တတ်ပြီး ဒီနှစ်ထဲမှာတော့ ၁၀ ရက်ကနေ ရက် ၂၀ နီးပါးအထိကိုခရီးကြန့်ကြာနေတယ်လို့သိရပါတယ် မြစ်ကြီးနား–ရွှေဘို ဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ရွှေကိုးပင်ဂိတ်ကနေ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့ကတည်းကပိတ်ထားတာဖြစ်ပြီး အလားတူကာကွယ်ရေးတပ်တွေဘက်ကလည်း ရွှေကိုးပင်ဂိတ်နဲ့မြစ်ကြီးနားကြားမှာ ဗျူဟာလမ်းမကြီးကိုပိတ်စို့ထားတဲ့နေရာတွေရှိကြောင်းသိရပါတယ်။ လူဦးရေ တစ်သန်းကျော်၊ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့လမ်းပိတ်ဆို့မှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုက တစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးရွားလာနတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 16 February
    သတင်း

    မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ

    မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ရဲ့အဓိက အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနား– မန္တလေး ဗျူဟာလမ်းမကြီးကနေဝင်လို့ရသလို မြစ်ကြီးနား– ကံပိုက်တည်လမ်းကနေလည်း ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနား– မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ရွှေဘိုမြို့အနီီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြားကတိုက်ပွဲကြောင့် ရွှေကိုးပင်ဂိတ်မှာကုန်ကားတွေပိတ်ခံထားရတာဟာ ခုဆိုရက်ပေါင်း ၂၀ ဝန်းကျင်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မြစ်ကြီးနား– ကံပိုက်တည်လမ်းပိုင်းကနေ ဝင်လာတဲ့ကုန်ကားတွေကိုလည်း စစ်ကောင်စီတပ်က ဗလမင်းထင်တံတားမရောက်မှီ မိုင်းနားကျေးရွာအဝင်မှာပိတ်ပင်ထားတဲ့အတွက် မြစ်ကြီးနားမြို့ထဲ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ ခုဆို နှစ်ပတ်ဝန်းကျင်ရှိလာနေပြီဲဖြစ်ပါတယ်။ မြစ်ကြီးနားမြို့တွင်းကုန်ဈေးနှုန်းအခြေနေနဲ့ပတ်သက်လို့ ဈေးသည်အမျိုးသမီးတစ်ဦးပြောတာက“ကုန်ဈေးနှုန်းတက်ချက်ကပြောမနေနဲ့။ ပစ္စည်းကတက်တိုင်းလည်းဝယ်လို့မရပြန်ဘူး။ ပစ္စည်းကပျက်သလောက်တော့ ပျက်ကုန်ပြီ မရှိဘူးပဲပြောတာ။ ကျမတို့ဖောက်သည်ဈေးနဲ့ ဝယ်တဲ့သူ တွေတောင်မှ ခွဲတမ်းနဲ့ဘဲရောင်းပေးတာ။ ရှိတဲ့သူတွေ ကလည်း ဈေးတွေတင်ရောင်းနေတာပေါ့။ ခါတိုင်းဆိုရင် အောက်ပိုင်းက လေယာဥ်နဲ့ဝင်သေးတယ်။ ဟိုတလောက တစ်ရက် နှစ်ရက် လေယာဥ်လမ်းကြောင်းကလည်းရပ်သွားသေးတာကို။“လို့ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်းပြတ်လပ်လာတဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ငါး၊ကော်ဖီ၊ Gas တွေပြတ်လပ်နေတဲ့အပြင် နောက်ထပ် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့အတူ  ဖြည့်စွက်စာ၊ နို့မှုန့် နဲ့ အခြေခံဆေးဝါးတချို့ဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။ “Gas ဆိုင်တွေဆိုအားလုံးပိတ်ထားကြပြီ ရောင်းစရာမရှိလို့တဲ့ ပြီးရင် ကော်ဖီမစ်တောင်တစ်ချို့ဆိုင်တွေပြတ်နေပြီ တကယ် စျေးကလည်းကြီးမှကြီးအေ နှစ်ဆနီးပါးကိုတက်နေတာ ရှိတဲ့ကုန်တွေကလည်း”လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းမှာ ကုန်ကားတွေပိတ်မိနေတဲ့အဓိကအကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသား ညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF ၊ ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေဟာ စုပေါင်း စစ်ဆင်ရေးပြုလုပ်နေ တာကြောင့်ဖြစ်ပါတယ်။ အမှတ် ၁ စစ်‌ဒေသရဲ့ထုတ်ပြန်ချက်အရ ယခုလ ဖေဖော်ဝါရီလအစမှာဆိုရင် မန္တလေး–မြစ်ကြီးနား လမ်းမပေါ်က စစ်ကော်မရှင်နဲ့ လက်အောက်ခံ ပျူစောထီးတပ်စခန်းတချို့ကိုသိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့အပတ်ဖေဖော်ဝါရီလအထိကို စခန်းတချို့ကိုသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါ့ကြောင့်ခရီးသွားကားလေးတွေကတော့ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်းနယ်ထဲက စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို ကွင်းသွားရပြီး မန္တလေး–မြစ်ကြီးနား ခရီးစဥ်က ၅ ရက်နီးပါးကြာမြှင့်နေတယ်လို့ ကားသမား တွေကပြောပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။ အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား – မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာ မရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။ အလားတူ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းကြောင်းကနေ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ စစ်တပ်ကအကြောင်းပြချက်မရှိပဲ  ကုန်ကားအားလုံးကို မိုင်းနားကျေးရွာအဝင်နားမှာဖမ်းဆီးထားတားလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့တွင်းမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ခံနေရဆဲလည်းဖြစ်ပါတယ်။…

    Read More »
  • 13 February
    သတင်း

    ဗျူဟာလမ်းမပေါ်က တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကြန့်ကြာမှုရှိနေ

    မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမပေါ်က ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားတွေကွင်းလမ်းအသုံးပြုသွားလာနေရတဲ့အတွက် ခရီးစဉ် ၃ ညအိပ် ၄ ရက် ခရီးနှင်နေရတယ်လို့ ကားသမားတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF၊ ပကဖ နဲ့  အာရက္ခတပ်တော် AA ပူးပေါင်းတပ် တွေဟာ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်နေတာလို့ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ထားပါ တယ်။ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ စစ်ကိုင်းကချင်အစပ်ကဒေသခံအမျိုးသားတစ်ဦးက“လုံခြုံရေးစိုးရိမ်ချက်ဆိုတာထက် ကျောက်တန်းမှာကလည်းစစ်ကောင်စီတပ်တွေကစိုးမိုးသွားတယ်။ အဲ့ဘက်ကလည်း တိုက်ပွဲ ကအချိန်မရွေးဖြစ်နိုင်တယ်။ စစ်ဒေသကလည်းထုတ်ပြန်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကကို တိုက်ပွဲတွေကဆက်ဖြစ်နေတာ အဲ့လမ်းပိုင်းမှာ။ ဒါ့ကြောင့် တိုက်ပွဲမှာပြည်သူကြားညှပ်မှာစိုးလို့ ပိတ်ခိုင်းတာလို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရ ကန့်ဘလူနယ်၊ ကောလင်းနယ်ထဲက မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်အထိုင်ဂိတ်တွေကို အထက်ပါပူးပေါင်းတပ်တွေကတိုက်ခိုက်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိကို နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။ ခုလို မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ် ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေရဲ့စစ်ရေးအခြေနေအရ ဗျူးဟာလမ်းပိတ်ထားတာကြောင့်ဖြစ်တဲ့အတွက် ကွင်းလမ်းကိုအသုံးပြုနေ့ရတာလို့သိရပါတယ်။ “လမ်းကြောင်းတွေက ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက်နဲ့ပေါ့။ ကျောက်တန်းမှာကလည်းတပ်ထိုင်လိုက်တယ်။ တပ်ထိုင်တာကတော့အရေးမကြီးဘူး။ အဲ့တပ်ဂိတ်ကိုမရောက်ခင် ကာကွယ်ရေးတပ်တွေရဲ့ဂိတ်ရှိတာကို အဲ့တော့ အဲ့လမ်းကို ၄၅ မိနစ်လောက်မောင်းရမှာကို ၄ နာရီဝန်းကျင်လောက်ပတ်ပြီးမောင်းနေရတာပေါ့။ ခရီးစဥ်က သုံးညအိပ် လေးရက်ကြာတယ်”ကားသမားတစ်ယောက်ကပြောပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။ အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား–မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။ By – အမိုး

    Read More »
  • 12 February
    သတင်း

    ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိ‌နေ

    ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက်  ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း  ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀…

    Read More »
  • 6 February
    သတင်း

    မြစ်ကြီးနားမှာ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ကတစ်ရက်အတွင်း သေဆုံး‌နေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့သူတွေဆီကနေ သိရပါတယ်။  ပထမ ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ ၅ ရက် ညနေ ၄နာရီဝန်းကျင်အချိန် ရှမ်းရွာဘက်ရှိ အမှိုက်ပုံနားမှာ ခန့်မှန်းချေ…

    Read More »
  • 5 February
    သတင်း

    မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးရရှိမှုပိုလျော့နည်းလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေဆီကနေ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ရက်လျှင် မီးပြတ်ချိန် ၁၂ နာရီနဲ့ မီးလာချိန် ၈ နာရီဆိုပြီး သတ်မှတ်ပေးထားပေမယ့်…

    Read More »
Back to top button