မြစ်ကြီးနား

  • Apr- 2024 -
    16 April
    သတင်း

    သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…

    Read More »
  • 16 April
    သတင်း

    မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…

    Read More »
  • 9 April
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဖြစ်ကြတဲ့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၀ကြိမ်မှာ သေဆုံးသူ တစ်ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း…

    Read More »
  • 5 April
    သတင်း

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ

    မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့်  ဧပြီ ၅ ရက်နေ့ ဒီနေ့အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲပိတ်ထားတာ မြစ်ကြီးနားဘက်တက်လာမယ့်သူတွေလည်းတက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေဆင်းလာမယ့်ကားတွေလည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာမှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။ ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီးကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိပိတ်ထားတာဖြစ်ပြီး မန္တလေးကနေမြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကိုဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ “ကောလင်းအထိသွားလို့ရတယ်ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်းလေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်းစီနေတယ်”ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။ ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိကချင်ပြည်နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေစျေးတက်နေပြီးစက်သုံးဆီရှားပါးလာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ မန္တလေး– မြစ်ကြီးနားလမ်းမှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကားလမ်းမကြာခနပိတ်ခံနေရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာလည်း တစ်ပတ်ဝန်းကျင်ကားလမ်းသွားလာခွင့်ပိတ်ဆို့ထားတဲ့ဖြစ်စဉ်ရှိခဲ့တဲ့အပြင် ဒီတစ်ကြိမ်မှာလည်း အနည်းဆုံး ၁၀ ရက်ထက်ကြာမြင့်နိုင်တယ်လို့ ကားသမားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ By – Zaw Zaw

    Read More »
  • 4 April
    သတင်း

    မြစ်ကြီးနားမြို့မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရ အမျိုးသားဖြစ်သူ ပွဲချင်းပြီးတစ်ဦးသေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရပြီး အမျိုးသားဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဧပြီလ ၄ ရက်နေ့  ဒီနေ့မနက် ၅နာရီခွဲဝန်းကျင် စီတာပူရပ်ကွက် နယ်မြေ (၈) ဟာရူး(HARU)စားသောက်ဆိုင် လမ်းဆုံတစ်နေရာမှာဆိုင်ကယ်စီးလာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ စီတာပူရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။ “သေနတ်သံ လေးငါးချက်ကြားပြီး အပြင်ကို ထွက်ကြည့်ကြတော့ ဆိုင်ကယ်နဲ့လဲနေတာပေါ့ ဘယ်သူတွေပစ်သွားမှန်းသေချာတော့ မသိလိုက်ဘူး မမြင်လိုက်ဘူးပေါ့”လို့ ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ ဇနီးမောင်နှံမှာ အမျိုးသားဖြစ်သူကတော့  ပွဲချင်ပြီးသေဆုံးသွားပြီး အမျိုးသမီးကတော့အသက်ရှင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာတော့ပြင်းထန်စွာရရှိထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ အဖွဲဝင်တစ်ဦးကခုလိုပြောပြပါတယ်။ “သေသွားတဲ့ အမျိုးသားကတော့လည်ပင်းနဲ့ပါးမှာပစ်ခံရတယ် အမျိုးသမီးကတော့ ဘယ်ဘက်ရင်အုံမှာတစ်ချက် ပြီးတော့ဘယ်ဘက် နံရိုးအထက်မှာနှစ်ချက်စုစုပေါင်းသုံးချက်ပစ်ခံထားရတယ်”လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ အမျိုးသားကိုတော့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထားပြီး အမျိုးသမီးကိုတော့ မြစ်ကြီးနားဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သေနတ်ပစ်ခံရတဲ့ ဇနီးမောင်နှံဟာ စီတာပူရပ်ကွက်မှာအိမ်ငှားနေတာဖြစ်ပြီး စိုက်ခင်းသွားတဲ့လမ်းမှာ အပစ်ခံရတာဖြစ်နိုင်တယ်လို့ စီတာပူရပ်ကွက်က ပြည်သူတစ်ချို့ကပြောဆိုနေတာတွေရှိပေမယ့် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကိုတော့လူနာရှင်တွေဘက်က ဆက်သွယ်လာခြင်းတော့မရှိသေးဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ‌၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တုန်းကလည်း အသက်၂၅ နှစ်အရွယ် ကိုလဖိုင်ဇော်လီအောင်(Zau Li Awng)က စီတာပူရပ်ကွက်၊ အထ(၅)ကျောင်းကြား NLD ရုံးအကျော် လမ်းဆုံတစ်နေရာမှာ ကားရပ်ပြီး ဆေးလိပ်သောက်နေချိန် အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသားညိုညို ထောင်းထောင်းမောင်းမောင်း လူ ၄ ယောက်ကဓားထောက်ပြီး ကားနဲ့ ငွေသားသိန်း၈၀ကျော်ကို ဓားပြတိုက်သွားခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 1 April
    သတင်း

    ကချင်ပြည်နယ်က NLD ဝန်ကြီးနှစ်ဦး လွတ်ရက်စေ့ပြီးလွတ်မြောက်လာ

    မြစ်ကြီးနားအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝန်ကြီးနှစ်ဦး ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ လွတ်မြောက်လာတယ်လို့ NLD အဖွဲ့ဝင်တွေဆီကသိရပါတယ်။ လွတ်မြောက်လာသူတွေကတော့ စည်ပင်သာယာဝန်ကြီး ဦးနော်လီနဲ့ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုနဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းညွှန့်ဆိုသူတို့ဖြစ်တယ်လို့ NLD…

    Read More »
  • Mar- 2024 -
    28 March
    သတင်း

    အကျဲစစ်တပ်စခန်းကို KIA လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ရင်း (၁၁) က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီမနက် ၅နာရီဝန်းကျင်မှာ အကျဲကျေးရွာနဲ့ဖရောကျေးရွာကြားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး  နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့ KIA ဘက်အကျဲတပ်စခန်းကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ KIA ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အကျဲတပ်စန်းထဲတစ်လုံးကျပေါက်ကွဲခဲ့တဲ့အပြင် ရွာတွင်းမှာရှိတဲ့နေအိမ်တစ်လုံးမှာလည်းထိမှန်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ အကျဲတပ်စခန်းကို ပစ်တာကျော်သွားတာထင်တယ် အိမ်တစ်အိမ်မှာသွားကျပြီး အဲအိမ်မီးလောင်သွားတယ် အဲမှာရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကခြေထောက်မှာဗုံးစ နည်းနည်းထိတယ် နောက်တစ်ယောက်တော့ချက်မှာ ထိသွားတယ်”လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ထိမှန်ရရှိခဲ့တဲ့ အကျဲဒေသခံအမျိုးသမီးနှစ်ဦးကိုတော့ လူမူကူညီရေးအသင်းရဲ့အကူညီနဲ့မြစ်ကြီးနားဆေးရုံကြီးကို ပိုဆောင်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း အကျဲရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီလေယာဉ်တွေပျံဝဲနေတဲ့အတွက် ဒေသခံတွေဟာ တိမ်းရှောင်ဖို့လိုအပ်နေပေမယ့် တိမ်းရှောင်မယ့်နေရာအခက်ခဲဖြစ်နေတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အကုန်လုံးက ဘယ်ကိုပြေးရမှန်းလည်း မသိတော့ သတိနဲ့ ဘဲနေနေကြတယ် ကိုယ်နည်းကိုယ်ဟန် နဲ့ဘဲ ပုန်းနေကြတာပေါ့ တချို့ကြတော့လည်း ဘုရားကျောင်းလို့ နေရာမျိုးမှာ သွားပုန်းရှောင်နေကြတာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာလည်း အကျဲကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သေးတဲ့အပြင် ဖေဖော်ဝါရီလမှာလည်း အာကျဲရွာကျေးရွာလမ်းမတစ်လျှောက်မှာရှိတဲ့ မော်ဖောင်းကျေးရွာအဝင်က စစ်တပ်ဂိတ်ကိုလည်း  KIA ဘက်ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ By – Hope

    Read More »
  • 21 March
    သတင်း

    ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး ၃ နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။ “နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၂ ဖက်တပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယဉ်နဲ့ လာပစ်တာ ၂ ခါရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ”လို့ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နွမ်လန့်နဲ့ နောင်ကွန် ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်းလက်မလွတ်ရအောင် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံနေရတဲ့စခန်းတွေကို လေကြောင်းနဲ့ တစ်လှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ညနေပိုင်း ၁ နာရီဝန်းကျင်အထိ တပ်စခန်း ၃ နေရာကို KIA က သိမ်းဆည်းနိုင်ခြင်းမရှိသေးသလို  ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ နောင်ကွန်မြှောက်တပ်နေရာဟာ နွမ့်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်လောက်အကွာမှာရှိတဲ့ မြှောက်တပ်တစ်ခုဖြစ်ပြီး အဲဒီအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နဲ့ နွမ်လန့်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။ နွမ်လန့်တပ်စခန်းကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိပြီး တပ်စခန်း ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ နေရာမှာ တပ်ရင်းနဲ့ အမြှောက်တပ်တစ်ဆက်တည်း နေရာယူထားတဲ့ တပ်စခန်းကြီးဖြစ်တာကြောင့် စစ်တပ်ရဲ့ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတဲ့ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းရဲ့ အထက်မှာရှိတဲ့ စခန်းနေရာတွေဖြစ်ပြီး ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကြားမှာ အနှစ် ၂၀ ဝန်းကျင်လောက် သက်တမ်း ကြာမြင့် တပ်စခန်း ၅ ခုအထက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ KIA တပ်တွေက ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားတဲ့နောက်ပိုင်း အဲဒီတစ်ကြောမှာ ကျန်ရှိနေသေးတဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နဲ့ နောင်ကွန် စတဲ့ တပ်စခန်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်ကနေစတင်ခဲ့တဲ့တိုက်ပွဲမှာ ဒေါ့ဖုန်းယန်အပါအဝင် KIA လိုင်ဇာအနီးတဝိုက်ရှိမှာတဲ့ နှစ်ရှည်တပ်စွဲထားတဲ့ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုကျော်နဲ့ ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်းအားလုံး ၃၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီ။ အဲထဲမှာ စစ်တပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းအကြီး ၁၀ ခုကျော်ပါတယ်။ အဲဒီတပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတွေနဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိပြီ။ အခုလည်း ဆက်သိမ်းနေတာဖြစ်တဲ့အတွက် တိုက်ပွဲကရှိနေဆဲဖြစ်တယ်လို့”မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့စကပြီး ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် KIO လိုင်ဇာ အနီးတဝိုက်နဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ့်နဲ့ ဝိုင်းမော်ဒေသတွေမှာ နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲဆင်းနွှဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 15 March
    သတင်း

    နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်

    “သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်”လို့ ဆိုပါတယ်။

    Read More »
  • 11 March
    သတင်း

    စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ “နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ ၃ ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။ လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။…

    Read More »
Back to top button