ရဟတ်ယာဉ်
-
Nov- 2024 -18 Novemberသတင်း
မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ
ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မပခ တိုင်းမှူးလာသွားတယ် မနေ့က ဘာကိစ္စလဲတော့ သေသေချာချာမသိဘူး။ ခလရ ၄၆ ထဲ တစ်နာရီလောက်နေသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးဟာ ၂ နာရီ မိနစ် ၄၀ တိတိမှာ ရဟတ်ယာဉ်ဖြင့်ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ထဲရောက်ခဲ့ပြီး ၃ နာရီ မိနစ် ၅၀ ဝန်းကျင် မြစ်ကြီးနားကိုပြန်ဆင်းသွားတယ်လို့သိရပါတယ်။ ပူတာအိုမြို့ပေါ် တိုင်းမှူးလာရောက်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ Starting နဲ့ IPs Star အသုံးပြုတဲ့အင်တာနက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတာတွေရှိခဲ့တဲ့အပြင် အဲဒီနေ့ကစပြီး မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း စတင်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဘုရားကျောင်းပြီးတော့လိုင်းသွားသုံးမယ်လို့သွားတာ မရဘူးပြောလို့ပြန်လာတယ် လူကြီးလာလို့ အင်တာနက်လိုင်းတွေဖြတ်ခိုင်းထားတယ်တဲ့ လူကြီးပြန်မှရမယ်ပြောတယ်။ ပြီးတော့ တိုင်းမှူးပြန်ထွက်သွားတဲ့နောက် ပူတာအိုမြို့ပေါ်မှာ စစ်ကားတွေနဲ့ စစ်သားလည်းအများအပြားတွေ့နေရတယ်”လို့ ပြောပါတယ်။ တိုင်းမူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး မြစ်ကြီးနားဆင်းသွားပြီးနောက် စစ်သားအပြည့်တင်ထားတဲ့ စစ်ကားနှစ်စီး မူလာရှီးဒီဘက်ဆင်းသွားတာရှိသလို မြို့ထဲမှာလည်း စစ်ကားနှစ်စီး စစ်သားအပြည့်တင်ကာ စစ်ရေးလှုပ်ရှားတာ၊ မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။ ပူတာအိုမြို့ပေါ်မှာ တိုင်းမှူးလာရောက်ရတဲ့အကြောင်းအရင်းနဲ့နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှုအခြေနေအသေးစိတ်ကို KNG ဆက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ မ.ပ.ခ တိုင်းမှူး ဗိုလ်မှုးချုပ်အောင်ဇော်ထွေးဟာ ဗိုလ်ချုပ်စိုးလှိုင်နေရာ အစိုးထိုးခန့်အပ်ထားသူဖြစ်ပြီး မြောက်ပိုင်းတိုင်းမပြောင်းရွှေ့ခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သင် (တေဇ–၂၄) ကျောင်းဆင်းတဦး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို မြောက်ပိုင်းတိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ ဇူလိုင်လ ဗိုလ်ချုပ် ကိုကိုမောင်ကို ယမ်းရောင်းချမှုနှင့် ဖမ်းဆီးခဲ့ပြီး ဗိုလ်ချုပ် စိုးလှိုင်ကို တိုင်းမှူးတာဝန်ပေးခဲ့ပေမယ့် ၉ လခန့် ထမ်းဆောင်ပြီးနောက် ရာထူးမှဖယ်ရှားလိုက်ပြီး လက်ရှိ ဗိုလ်မှူးချုပ်အောင်ဇော်ထွေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Sep- 2024 -10 Septemberသတင်း
ရွှေကူမှာ စစ်တပ် ရဟတ်ယာဉ်အသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်တွေချသွားတယ်လို့ဆို
ကချင်ပြည်နယ် ရွှေကူမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၆၀၂ နဲ့ ခြေလျင်တပ်ရင်း (ခလရ) ၅၆ တပ်ရင်းဌာနချုပ်မှာ စစ်တပ်က ရဟတ်ယာဉ် ၂ စီးအသုံးပြုပြီး တန်ချိန် တစ်တန်ခန့်ရှိတဲ့ ပိုက်ဆံအိတ်လာချသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေ ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ် ၄ စီးနဲ့ရောက်လာပြီး ၂ စီးလုံခြုံရေးယူပေးကာ နောက်ထပ် ၂ စီးက ပိုက်ဆံထည့်ထားတဲ့ ဆာလာအိတ်တွေချသွားတာဖြစ်တယ်လို့ ရွှေကူဒေသခံ တပ်နဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။ “ပြီးခဲ့တဲ့ ၂ ရက်နေ့ လာချသွားတာ ရဟတ်ယာဉ် ၂ စီးနဲ့ချသွားတာ တန်ချိန် တစ်တန်လောက်ရှိတယ်လို့ ခန့်မှန်းရတယ် ပိုက်ဆံတွေရောက်မှ လစာထုတ်ကြတာ”လို့ ပြောပါတယ်။ တပ်နဲ့နီးစပ်သူတွေပြောဆိုချက်အရ ရွှေကူမြို့နယ်ထဲမှာရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ ဝန်ထမ်းမိသားစုဝင်တွေဟာ လစာမရရှိတာကြာပြီး စက်တင်ဘာလ ၅ ရက်နေ့ ရဟတ်ယာဉ်နဲ့ ပိုက်ဆံလာချပြီးနောက်မှသာ လစာထုတ်ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ပိုင်း ကချင်– စစ်ကိုင်းအစပ်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကုန်းကြောင်းကနေ ဝင်ရောက်ဖို့ခက်ခဲနေတဲ့ စစ်တပ်ဟာ လေကြောင်းအသုံးပြုပြီး လစာထုတ်နိုင်ဖို့ ပိုက်ဆံလာချပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ ရွှေကူမြို့ ဆိပ်ကမ်းမှာလည်း စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘောနဲ့ စစ်လက်နက်တင်ထားတဲဲ့သင်္ဘောတွေအပါအဝင် သံခွန်မော်တော်ယာဉ်စုစုပေါင်း ၈ စင်းရောက်နေပြီး ရိက္ခာချနေကြတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်က ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်ရိက္ခာလာပို့်နေတာဖြစ်ပြီး ဒီတစ်ခေါက်ရောက်လာတဲ့ ရိက္ခာတွေဟာ တစ်နှစ်စာအတွက် လုံလောက်နိုင်တဲ့ ရိက္ခာတွေဖြစ်တယ်လို့ သိရပါတယ်။ “အဓိက တင်လာတာက ရိက္ခာတစ်နှစ်စာလောက်တယ်လို့တောင် သိရတယ်။ ပြီးတော့ စစ်လက်နက်ပစ္စည်း စစ်အင်အားတော့ သင်္ဘောလုံခြုံရေးယူပေးသလောက်ဘဲပါလာတယ် သင်္ဘောကတော့ ပစ္စည်းချနေတုန်း”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရိက္ခာတွေချနေချိန်အတွင်းမှာလည်း မြစ်ကမ်းနံဘေးသွားလာခွင့်ပိတ်ထားတဲ့အပြင် ဒေသခံပြည်သူတွေ မြစ်ထဲဆင်းတာ၊ စက်လှေအသေးတွေနဲ့ငါးရှာထွက်တာကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ စစ်တပ်ဘက်က ရိက္ခာချနေချိန်အတွင်း သွားလာခွင့်မရတာကြောင့် ခက်ခဲနေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ်လ နောက်ဆံးအပတ်မှာ လက်နက်တင်ထားတဲ့ စစ်သင်္ဘော ၂ စီးအပါအဝင် ရိက္ခာတင်သင်္ဘောအကြီး ၂ စင်းနဲ့နောက်ထပ် သံခွန်မော်တော်ယာဉ် ၄ စင်း စုစုပေါင်း ၈ စင်းတက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရတဲ့အတွက် သင်္ဘော ၂ စင်းပျက်စီးသွားပေမယ့် သံခွန်မော်တော်ယာဉ် ၄ စီးကိုသုံးပြီး တွဲကာဆန်တက်လာတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ဒေသကို စစ်အင်အား၊လက်နက်ရိက္ခာတွေပို့ဖို့ ကုန်းကြောင်း၊ရေကြောင်းကနေ ပို့ဆောင်ပေမယ့် ကုန်းကြောင်းမှာ စစ်ကိုင်းဒေသကိုဖြတ်ချိန် မကြာခနတိုက်ခိုက်ခံရတာကြောင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း လေကြောင်းအကာအကွယ်နဲ့ ရေကြောင်းကိုအဓိကအသုံးပြုပြီး စစ်လက်နက်ရိက္ခာ ပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ရိက္ခာတင်ပို့လာချိန်မှာလည်း စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ လုံခြုံရေးယူပြီး မန်းလေးကနေ ရွှေကူအထိ ဆန်တက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒိီစစ်လက်နက်ရိက္ခာတွေ သင်္ဘောဟာ ဗန်းမော်အထိဆန်တက်နိုင်တယ်လို့လည်း ဒေသခံတွေ ခန့်မှန်းပြောဆိုနေကြပါတယ်။ စစ်တပ်ရဲ့သင်္ဘောတက်လာချိန်တိုင်း ကာကွယ်တပ်ဘက်က တိုက်ခိုက်သလို စစ်တပ်ဘက်ကလည်း လေကြောင်းကနေပစ်ခတ်တာ၊ စစ်သင်္ဘောပေါ်မှာ လက်နက်ကြီးအထိုင်ချလာပြီး ကမ်းဘက်ကို ယမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်တာတွေ ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုအသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲနေဆဲလည်း ဖြစ်ပါတယ်။ By – Zami
Read More » -
Dec- 2023 -26 Decemberသတင်း
ဖားကန့်မှာ စစ်တပ်ကဖမ်းထားတဲ့ ပြည်သူ ၂ ဦး ရဟတ်ယာဉ် နဲ့ နေရာပြောင်းရွှေ့
ဖားကန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ “ကိုသိန်းနဲ့ ဦးမြင့်လွင်တို့ပေါ့၊သူတို့နှစ်ဦးကို မိုးညှင်းထောင်ကို…
Read More » -
Apr- 2023 -12 Aprilသတင်း
ပဇီကြီးကျေးရွာအနီး ရဟတ်ယာဉ် ပျံဝဲနေသေးသဖြင့် ရုပ်အလောင်းများကို သဂြိုလ်မှုမပြီးစီးသေး
လေကြောင်းတိုက်ခိုက်မှု ခံရသော ကန့်ဘလူ ပဇီကြီးကျေးရွာတွင် စစ်တပ် ရဟတ်ယာဉ်များ ပျံဝဲနေဆဲ ဖြစ်သောကြောင့် သေဆုံးခဲ့သော အရပ်သား ပြည်သူများ၏ ရုပ်အလောင်းအားလုံးကို သဂြိုလ်ပြီးစီးနိုင်ခြင်းမရှိသေးကြောင်း မြေပြင်ကကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ စစ်ကောင်စီတပ် နမခ ရဟတ်ယာဥ်များသည် ယနေ့ နံနက်ပိုင်းအထိ ယမန်နေ့က ဗုံးကျဲတိုက်ခိုက်ခံရသော နေရာအနီးတစ်ဝိုက်တွင် ပျံဝဲနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “နမခ ကနေတက်ခဲ့တဲ့…
Read More » -
Oct- 2022 -7 Octoberသတင်း
တနိုင်းလီဒိုလမ်းဘက်တွင် ရဟတ်ယာဉ် ၁စီး ၂ရက်ဆက်တိုက်ပျံဝဲမှုကြောင့် ဒေသခံများစိုးရိမ်နေ
ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းသွားလမ်း လီဒိုလမ်းတစ်လျှောက်ပေါ်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ စစ်ရဟတ်ယာဉ် ၁စီးဖြင့် ၂ရက်ဆက်တိုက် လာရောက်ပျံသန်းမှုကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၆၇ရက်မှ ယနေ့ ၇ရက်နေ့အထိ ၂ရက်ဆက်တိုက် နေ့လည် ၁၂နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ…
Read More »