သတင်း

ဖားကန့်မှာ စစ်တပ်ကဖမ်းထားတဲ့ ပြည်သူ ၂ ဦး ရဟတ်ယာဉ် နဲ့ နေရာပြောင်းရွှေ့

ဖားကန့်မှာ စစ်‌ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ  ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

ကိုသိန်းနဲ့ ဦးမြင့်လွင်တို့ပေါ့၊သူတို့နှစ်ဦးကို မိုးညှင်းထောင်ကို ပို့မယ်လို့ ကြားရတယ်။ ဒီကနေ့ည ဗျူဟာကုန်းကနေ ရဟတ်ယဉ်နဲ့လာခေါ်သွားတယ်လို့ သိရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

ကိုသိန်းနဲ့ ဦးမြင့်လွင်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ဆန်းကြွယ်ကျေးရွာအနီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀()၊၅၂(က)တို့နဲ့ အမှုဖွင့်ခံထားရသူတွေ ဖြစ်ပါတယ်။

အလားတူပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကစခဲ့တဲ့ တော်လှန်ရေးကာလအတွင်း ဖားကန့်ဒေသမှာရှိတဲ့ ပြည်သူနှစ်ရာနီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီအကျဉ်းသားတွေအများပိုင်းကိုတော့ မဇွပ်ယန်အကျဉ်းထောင်မှာ ထိန်းသိမ်းထား‌ပေမယ့် ဒီကနေ့ည ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားခံရတဲ့ ကိုသိန်းနဲ့ဦးမြင့်လွင်ကိုတော့ ဖားကန့်ဗျူဟာကုန်းမှာ ထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၅၀၅-(က) ဖြင့် ပြစ်ဒါဏ်ချခံခဲ့ရသူ အယောက် ၇၀ နီးပါးခန့် လွတ်ရက်စေ့နဲ့ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသရှိ ပြည်သူများ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တချို့ အဆက်အသွယ်လုံးဝပြန်မရတော့တဲ့ မိသားစုဝင်တွေလည်း ရှိနေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

ယွမ်းလက္ဘရည်ဆိုင်ပိုင်ရှင် ကိုမင်းအောင် အဖမ်းခံထားရတာ ဆယ်လကျော်ပြီ၊အခုထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

ကိုမင်းအောင်ဟာ ဖားကန့်မြို့မှော်ဝမ်းရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး၊ရပ်မိရပ်ဖတစ်ဦးဖြစ်သလို၊မေတ္တာရှင် လူမှုကူညီရေးအသင်းရဲ့ ဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။

ဖားကန့်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာရှိတဲ့ ပြည်သူများကို စစ်ကောင်စီတပ်ဟာ ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီးနေသလို ဖမ်းဆီးခံထားသူများထဲမှ တချို့ မိသားစုနဲ့ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးလျှက်ရှိနေဆဲဖြစ်ပါတယ်။

By – NY

Show More

Related Articles

Back to top button