သတင်း

တနိုင်းလီဒိုလမ်းဘက်တွင် ရဟတ်ယာဉ် ၁စီး ၂ရက်ဆက်တိုက်ပျံဝဲမှုကြောင့် ဒေသခံများစိုးရိမ်နေ

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းသွားလမ်း လီဒိုလမ်းတစ်လျှောက်ပေါ်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ စစ်ရဟတ်ယာဉ် ၁စီးဖြင့် ၂ရက်ဆက်တိုက် လာရောက်ပျံသန်းမှုကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

အောက်တိုဘာလ ၆၇ရက်မှ ယနေ့ ၇ရက်နေ့အထိ ၂ရက်ဆက်တိုက်  နေ့လည် ၁၂နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ စစ်ရဟတ်ယာဉ် ၁စီး ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်နှင့်နောင်းမီ ကျေးရွာအထိ လာရောက်ကြည့်ရှု့သွားသည်ဟု လဝါးကျေးရွာဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

အခုတလောက စစ်ရေးကငြိမ်နေတယ် ဒါပေမယ့် လေယာဉ်ပျံသန်းတာက ဒီကနေ့ဆို ၂ရက်ရှိပြီ။ ဘာတွေထူးခြားလာမလဲဆိုပြီး ကျနော်တို့ စိုးရိမ်နေကြတယ်။ တိုက်ပွဲပြန်ဖြစ်လာမလား။ ဒါမှမဟုတ် သူတို့က KIA နဲ့ PDF တွေရဲ့ စစ်ရေးလှုပ်ရှားတာတွေပဲ လာကြည့်တာလား ပြောဖို့တော့ခက်တယ်။ သိပ်လည်း မကြာဘူး နာရီဝက်လောက်ဆို ပြန်ခေါက်သွားတယ်ဟုဆိုသည်။

ယခုလို စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းလိုင်းဖြင့် လာရောက်ပျံဝဲခြင်းသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့၏ နယ်မြေလှုပ်ရှားမှုများကို လာရောက်ကြည့်ရှု့မှုဖြစ်နိုင်သလို စစ်ကောင်စီတပ်၏ စစ်ဆင်ရေးတစ်ခုဖြစ်လာနိုင်သည်ဟု တနိုင်းလီဒိုလမ်း ဒေသခံများသုံးသပ်ပြောဆိုနေကြသည်။

ပြီးခဲ့သော စစ်တင်ဘာလတွင် စစ်ကောင်စီတပ်မှ ရှဒူးဇွပ်ဒေသကို လေကြောင်းလိုင်းဖြင့် လာရောက်ကြည့်ရှု့ခဲ့ကြပြီးနောက် ၂၂ရက်နေ့တွင် KIA အခြေစိုက်ထားသည့် ဝခါးတပ်စခန်းကို လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

Show More

Related Articles

Back to top button