ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကသာမြို့တွင် စစ်ကောင်စီ၏ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ပြီးခဲ့သော ဇွန်လ ၃၀ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှသိရသည်။ ကသာမြို့ အမှတ် (၉) ရပ်ကွက် အပိုင်း(၁) တွင်နေထိုင်သော အသက် ၆၀နှစ်ဝန်းကျင်ရှိ ဦးကျော်ဆွေကို အရပ်ဝတ်ဖြင့် လူငယ် ၅ဦးက သူ၏ နေအိမ် အပြင်ဘက် ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကသာမြို့နေခံ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ဒေသခံတွေပြောတာကတော့