ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီး ပြည်သူတစ်ချို့ပိတ်မိနေ

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ကျွန်းကြီးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦးဖမ်းဆီးနှိပ်စက်ခံ‌နေရပြီး ဒေသခံပြည်သူအချို့လည်း ပိတ်မိနေသည်ဟု ဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦး ထံမှသိရသည်။ ယနေ့နံနက်ပိုင်း ၅ နာရီဝန်းကျင်အချိန် စစ်အင်အား ၁၂၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျွန်းကြီးကျေးရွာအတွင်းသို့ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာတွင် ဒေသခံတစ်ချို့ထွက်ပြေးထွက်မြောက်ခဲ့သော်လည်း တစ်ချို့မှာ ရွာဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “မိုးမလင်းခင် ၅ နာရီလောက်မှာ ကျွန်းကြီးကုန်းရွာကိုဝင်တယ်။ အဲ့တာကိုဘယ်သူမှမသိလိုက်ကြဘူး ပြည်သူတွေကလည်း