ရေခါးကျေးရွာမှ ၁၁နှစ်အရွယ် ကလေးငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာတွင် စစ်ကြောင်းထို ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အသက် ၁၁နှစ်အရွယ်ရှိ ကလေး ငယ် ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။ ယနေ့ နံနက် ၈နာရီဝန်းကျင် စစ်အင်အား ၂၀ ဝန်းကျင်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့မှ ရေခါးကျေးရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာတွင် ရေခါးကျေးရွာမှ ဆိတ်ကျောင်းနေသည့် ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်