လက်နက်ချ
-
Sep- 2024 -6 Septemberသတင်း
ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံ
စစ်ကိုင်းတိုင်း ပင်လည်ဘူးတိုက်ပွဲမှာ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကောင်စိီ စစ်ကြောင်းတစ်ကြောင်း ကာကွယ်ရေးတပ်ဘက်ကို လက်နက်ချအညံ့ခံလာတယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ စက်တင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကြောင်း လက်နက်ချအညံ့ခံလိုက်တာဖြစ်တယ်လို့ ပင်လည်ဘူးကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းမိတာမဟုတ်ပါဘူး အလင်းဝင်တာလို့ပဲသုံးရမယ် စက်တင်ဘာ ၅ ရက်နေ့က လာချတဲ့စစ်ကြောင်း ဒုတိယအကြိမ် လေယာဉ်နဲ့ချလာတဲ့စစ်ကြောင်း”လို့ ပြောပါတယ်။ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သား ၈၁ ဦးဖြစ်ပြီး ရာထူးနဲ့ အမည်နာမအသေးစိတ်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့စပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ တစ်ကျော့ပြန်ထိုးစစ်ဆင်နေတာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့အထိ မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းဘက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်တပ်ဘက်ကလည်း ပင်လည်ဘူးမြို့မကျရေး နေ့တိုင်းလေကြောင်းနဲ့ပစ်ခတ်တိုက်ခတ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ရဲစခန်းနဲ့ အာရှဘဏ်ကုန်ကျန်သေးတယ် မသိမ်းသေးဘူး မြို့ပေါ်ကော ကောလင်း ၀န်သိုးဘက်ခွေးစစ်ကြောင်းရှိသေးတယ်။ လေယာဉ်နေ့တိုင်းလာပစ်တယ် အာရှဘဏ်ကုန်းဘက်ပြင်းထန်နေပါတယ်”လို့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။ ပင်လည်ဘူးမြို့ဟာ ကောလင်းခရိုင်ထဲမှာရှိပြီး စစ်ကိုင်း– ကချင်အစပ်မှာရှိသလို ခြေမြန်တပ်ရင်း ခမရ (၃၆၆) နဲ့ (၃၇၀) လက်အောက်ခံ တပ်သားနဲ့ ရဲတပ်သား နှစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ကနေ တစ်ကျော့ပြန်စတင်လာတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်အင်အား ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားပြီလို့ သိရပြီး ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်း တစ်ကြောင်းလုံးလက်နက်ချအညံ့ခံလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်လည်ဘူးမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်အကြား နှစ်စဉ်နှစ်တိုင်းတိုက်ပွဲပြင်းထန်နေတဲ့မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ်တိုက်ပွဲပြင်းထန်ခဲ့သလို ဒီတစ်ကြိမ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ မြို့ပေါ်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်ကတည်းက ပြန်မလာတဲ့သူတွေများတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ တပ်ခစန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ပေမယ့် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်တာတော့ မရှိခဲ့ပါဘူး။ By – အမိုး
Read More » -
Dec- 2023 -22 Decemberသတင်း
တာလောကြီးနယ်က ပြည်သူ့စစ်တွေအားလုံး KIA ထံ လက်နက်ချအညံ့ခံဖို့ သတိပေး
မြစ်ကြီးနားမြို့နယ် တာလောကြီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်လာအပ်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့ တာလောကြီးပြည်သူ့စစ်စခန်းကို KIA နဲ့ PDF…
Read More » -
Nov- 2022 -15 Novemberသတင်း
စစ်ကောင်စီလက်အောက်မှ KIA ထဲ ဝင်ရောက်လာသူများကို လုံခြုံစွာ စောင့်ရှောက်ထားကြောင်း KIO ပြော
ကချင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတော့သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ အယောက် ၅၀၀ ဝန်းကျင်ခန့် ရှိလာပြီဟု သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသည့် စစ်မှုထမ်းများ၊ ရဲဝန်ထမ်းများနှင့် ပညာရှင်များ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာသူများကို လုံခြုံစွာကာကွယ် စောင့်ရှောက်ထားပေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ…
Read More »


