လယ်ပြင်
-
May- 2025 -27 Mayသတင်း
စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့အဝင်ထိရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျေးရွာတစ်ချို့ကိုတိမ်းရှောင်ဖို့ KIA သတိပေးပြောဆို
ဖားကန့်မြို့ပေါ်ဘက်ကို စစ်ကောင်စီတပ် စစ်အင်အား ရာနဲ့ချီရောက်ရှိလာတဲ့အတွက် ဖားကန့်မြို့အဝင်ဝမှာရှိတဲ့ လယ်ပြင်နဲ့ ဖန်ခါးကုန်း ကျေးရွာနေ ဒေသခံပြည်သူတွေကို လုံခြုံရေးအရ ယာယီတိမ်းထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကနေ ဖားကန့်ဘက်ကို စစ်အင်အား ၅၀၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်အဖွဲ့တွေဟာ မေလ ၂၆ ရက်နေ့ ဖားကန့်မြို့နဲ့ နီးကပ်တဲ့ ယမ်းချက်ရုံနဲ့ လယ်ပြင်၊ ဖန်ခါးကုန်းကျေးရွာဘက်ခြမ်းကို ရောက်ရှိသွားပြီး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အရပ်သားပြည်သူတွေ မထိခိုက်ရအောင် ကြိုတင် တိမ်းရှောင်ထားခိုင်းတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “KIA ဘက်ကနေ ရှောင်ထားခိုင်းတယ် လယ်ပြင် အနီးတဝိုက်ရှိတဲ့ ပြည်သူတွေကို တိမ်းရှောင်ဖို့ ပြောထားတယ်။ တစ်ချို့က တိမ်းရှောင်နေကြတဲ့ ပြည်သူတွေရှိသလို မရှောင်ဘဲ ရှိနေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်လာနိုင်ခြေရှိလို့ ရှောင်ခိုင်တဲ့ သဘောလို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဖားကန့်မြို့အဝင် ယမ်းချက်ရုံနဲ့ လယ်ပြင်ကျေးရွာထဲကို မေလ ၂၆ နေ့ ည ၉ နာရီဝန်းကျင်ခန့် ဝင်ရောက်သွားခဲ့ပြီးတော့ လက်ရှိမှာ လယ်ပြင်နဲ့ ဖန်ခါးကုန်း အနီးတဝိုက် စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။ “စစ်ကြောင်းတွေက မနေ့ည ၉ နာရီလောက်ကနေ ယမ်းချက်စက်ရုံ တပ်ထဲကို တဖြေးဖြေးနဲ့ ဝင်သွားကြပြီ။ ပြီးရင် မနေ့ထဲမှာပဲ မဇွပ်ယန်ထောင်ရှိတဲ့ဘက်ကို လူအပြည့်အတင်တဲ့ ကား ၆ စီးဝင်သွားကြတယ်တဲ့။ အခုက လောလောဆယ်က ယမ်းချက်စက်ရုံလည်း အကျယ်ကြီးဆိုတော့ အဲထဲမှာပဲ နေရာယူနေကြတာလား။ အဲဒီလမ်းပိုင်ကလည်း ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဘယ်သမှ မဖြတ်ကြတော့ဘူး။ အဲ့ကြောင့် ပြည်သူတွေကြည့်ရင် စစ်ကြောင်းသွားလာတာကို သိပ်မသိသာဘူး”လို့ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့အနီးကို ရောက်သွားပြီဖြစ်တဲ့ စစ်ကြောင်းတွေက ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်ရဲ့ ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာ တဝိုက်မှာ ရောက်ရှိနေကြပြီလို့ ဒေသခံတွေဆီကနေ သိရပေမယ့် ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ စစ်ရေးအခြေအနေကတော့ အသေးစိတ်မသိရှိရသေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်မြို့ထဲကို ဦးတည်ပြီး ရောက်ရှိလာပါက မမျှော်မှန်းနိုင်တဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာမှာသေချာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားပါတယ်။ ဒါကြောင့် ဖားကန့်မြို့အနီးတဝိုက် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာနိုင်တဲ့ ကျေးရွာတစ်ချို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီတိမ်းရှောင်ကြဖို့ သတိပေးပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းကနေ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မေလ ၂၃ ရက်နေ့မှာ ပျားအုံနဲ့ နန့်တိန့်ကျေးရွာအရောက် KIA ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေရာနေက စစ်ကြောင်း ၃ ခုခွဲပြီး လမ်းကြောင်းပျောက်သွားတာလို့ သိရပါတယ်။ မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဖားကန့်မြို့နဲ့ ၅ မိုင်၊ ၆ မိုင် နေရာတွေကို ကျော်တက်လာနိုင်ခဲ့ပြီး ဖားကန့်မြို့နဲ့ အနီးကပ်ဆုံး မြို့အဝင်ဝကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ နန့်တိန့်ကျေးရွာအရောက်မှာ စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းပျောက်သွားတဲ့အတွက် KIA ဘက်က စစ်ကြောင်း ၃ ခုစလုံးကို ထိထိရောက်ရောက် ခုခံမကာကွယ်နိုင်ခဲ့တဲ့အတွက် စစ်ကြောင်းက ဖားကန့်မြို့အနီးဆုံးနေရာကို ရောက်ရှိသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် မအူပင်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင် စတဲ့ကျေးရွာ လမ်းကြောင်းတစ်လျှောက်မှာ KIA တပ်တွေ တစ်လဝန်းကျင်ခန့်အထိ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…
Read More » -
26 Mayသတင်း
ကားမိုင်းလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဖားကန့်မြို့အဝင်ဝ အထိ ရောက်ရှိလာ
တစ်လခန့်အကြာ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မေလ ၂၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့်မြို့အဝင်ဝနားအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။ ကားမိုင်းဘက်ကနေ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့…
Read More » -
May- 2023 -8 Mayသတင်း
လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ‘ကိုဖိုးသား’ကားဝပ်ရှော့ဆိုင်မှ အသက် ၃၀ နှစ်ရွယ် ကားပြင်သည့် အမျိုးသားကို စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ဖမ်းသွားတဲ့လူက နာမည်အရင်းတော့မသိဘူး။ အများကခေါ်တာတော့ ကိုဖိုးသား လို့ပဲခေါ်တော့ဖိုးသားလို့ပဲသိရတယ်။ မနေ့က ရုတ်တရက်ဝင်ဖမ်းတာ သေနတ်တွေဘာတွေပစ်ဖောက်ပြီးဝင်ဖမ်းတာ”ဟုပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ လုံးခင်းယမ်းတိုက်ဘက်သို့ ဖမ်းဆီးခေါ်သွားသည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ…
Read More »