သတင်း

လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဖိုးသား’ကားဝပ်ရှော့ဆိုင်မှ အသက် ၃၀ နှစ်ရွယ် ကားပြင်သည့် အမျိုးသားကို စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မွန်းလွဲ  နာရီခန့်အချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ဖမ်းသွားတဲ့လူက နာမည်အရင်းတော့မသိဘူး။ အများကခေါ်တာတော့ ကိုဖိုးသား လို့ပဲခေါ်တော့ဖိုးသားလို့ပဲသိရတယ်။ မနေ့က ရုတ်တရက်ဝင်ဖမ်းတာ သေနတ်တွေဘာတွေပစ်ဖောက်ပြီးဝင်ဖမ်းတာဟုပြောသည်။

 ဖမ်းဆီးခံရသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ လုံးခင်းယမ်းတိုက်ဘက်သို့ ဖမ်းဆီးခေါ်သွားသည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရှိသေးကြောင်းသိရသည်။

ကားဝပ်ရှော့မှာက တခါတလေ ဒီဘက်က KIA PDF ဘက်က ကားလေးဘာလေးလာပြင်ကြတာရှိတယ်။ ကားဝပ်ရှော့ပဲလေး ကားတစ်ခုဖြစ်ရင် ဘယ်သူမဆိုလာပြင်မှာပဲ။ အဲဒါကို KIA PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းတာတဲ့နောက်ထပ်အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံပြည်သူများ ပြောဆိုချက်အရ အဆိုပါ အမျိုးသားသည် ကချင်လွတ်လပ်တပ်မတော် KIA  PDF နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးသွားသည်ဟုသိရသည်။ သို့သော် KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားကန့်တွင် ပြီးခဲ့သောလ ဧပြီလ ၁၀ ရက်နေ့ မှော်ဝမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းဆီးခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော်၊ ၂၁ ရက်နေ့ မှော်ဘုံရွာသား ၂၀၀ နီးပါး၊ ၂၆ ရက်နေ့ ဆန်ခါနှင့် မဇွပ်ယန် ရွာသား ၁၀၀ ကျော်ဖမ်းဆီးမှုနှင့် ၂၉ ရက်နေ့တွင် မလန်းယန်ရွာသား ၂၉ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button