လိပ်ကျောက်တူးဖော်မှုကြောင် ငွေပျော်စံပြကျေးရွာ သစ်တော ဧက ၁၀ ကျော် ပျက်စီး

ကချင်ပြည်နယ် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာနီး အင်ခိုင်ဘွမ်တောင်ခြေ အမျိုးသားဥယျာဉ်တွင် လိပ်ကျောက်တူးဖော်မူကြောင့် ငွေပျော်ဒေသခံများ၏ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ ၁၀ ဧကကျော်ခန့် ပျက်စီးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းဆာ ပြောသည်။ ငွေပျော်စံပြ CF အစုအဖွဲ့ပိုင်စိုက်ပျိုးမြေ စုစုပေါင်း ဧက ၂ထောင်ကျော်ရှိပြီး လက်ရှိတွင်လိပ်ကျောက်တူးဖော်မူကြောင့် ပျက်စီးသွားသည့် နှစ်ရှည်ပင်များလည်း ရှိကြောင်း ပြောသည်။ “ ခုကြည့်တာတော့ ၁၀ဧကလောက် ပျက်စီးနေပြီ တူးထားတဲ့ကျင်းတွေကိုတော့ ခြံပိုင်ရှင်တွေကဘဲ ပြန်ဖို့ယူရတော့မယ်။ ကျနော်တို့ အုပ်ချုပ်ရေးဘက်ကတော့…