လုံရှာယန်

  • May- 2025 -
    6 May
    သတင်း

    လုံရှာယန်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ ခရီးသည်များ ဒဏ်ငွေပေးဆောင်နေရ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေ ဒဏ်ငွေပေးဆောင်ပြီးသွားလာနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့ကြားမှာရှိတဲ့ လုံရှာယန်ကျေးရွာအဝင်ဂိတ်မှာ မှတ်ပုံတင်မပါတဲ့ခရီးသည်တွေအနေနဲ့ တစ်ဦးကို ကျပ်ငွေတစ်သိန်းဝန်းကျင်အထိ ဒဏ်ငွေပေးဆောင်ရတာတွေရှိနေတယ်လို့  ခရီးသည်အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မှတ်ပုံမပါရင်အရမ်းစစ်တယ်…

    Read More »
  • Mar- 2025 -
    10 March
    သတင်း

    တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး…

    Read More »
  • Dec- 2024 -
    2 December
    သတင်း

    လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ခလရ ၄၆ ဗျူဟာမှူးဆီမှာ အမည်စာရင်းကြိုပေးရ

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ဗျူဟာမှူးဆီမှာ နာမည်စာရင်းကြိုတင်ပေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်ကိုသွားမည့်သူများ၊ လုံရှာယာန်ကျေးရွာကိုကျော်ပြီး ဆွမ်ပရာဘွမ်၊မြစ်ကြီးနားဘက်ကိုသွားမည့် မည်သည့် ဒေသခံ၊ခရီးသွားမဆို ခလရ ၄၆ တပ် ဗျူဟာမှူးဆီမှာ ကြိုတင်ပြီးအမည်စာရင်းပေးသွင်းရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘာကိစ္စနဲ့ပဲသွားသွားညအိပ်ဖြစ် ဖြစ်ခနဖြစ်ဖြစ် လုံရှာယာန် ကိုဖြတ်ဖို့ဆိုရင် ဗျူဟာမှာနာမည်စာရင်းသွားပေးရတယ် ကိုယ့်ရဲ့နာမည်နဲ့မှတ်ပုံတင်သွားပေးရတယ် နာမည်ကြိုမပေးထားရင်တော့ ဖြတ်လို့မရဘူးမဖြတ်ခိုင်းဘူး”လို့ အသက် ၄၀ ကျော်အရွယ်ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာအိုမြို့နယ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ အခုလိုလုပ်ဆောင်နေတာ ဒေသခံတွေနဲ့မြစ်ကြီးနားဘက်ဆင်းမယ့် ခရီးသည်တစ်ဦးချင်းစီတိုင်း မှတ်ပုံတင်နဲ့တကွ အမည်စာရင်းသွားပေးရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “တပ်ထဲအထိသွားပေးစရာတော့မလိုဘူး ၄၆ တပ် ဂိတ်ပေါက်မှာ ဂိတ်စောင့်တွေ ရှိတယ်သူတို့ဆီပေးထားရတယ်။ ကိုယ်ကလုံရှာယာန်ရောက်ပြီဆိုတာနဲ့ ဗျူဟာကို ကြေးနန်းရိုက်ပြီးမေးပေးတယ် ပါရင်သွားလို့ရတယ် မပေးထားရင်တော့မရဘူးမဖြတ်ခိုင်းဘူးဟိုးဘက်ကို”လို့ သူကပြောပါတယ်။ ခလရ ၄၆ တပ် ဗျူဟာမှူးဆီပေးထားတဲ့ နာမည်စာရင်းကို လုံရှာယာန်ကျေးရွာအဝင်ဂိတ်တစ်ခုတည်းမှာသာ စိစစ်လျက်ရှိပြီး ကျန်တဲ့ မူလာရှီးဒီဂိတ်၊ မြစ်ကြီးနားအဝင်ဂိတ်၊ မြစ်ဆုံဂိတ်တွေမှာတော့ မှတ်ပုံတင်ဆင်းပြရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDFပူးပေါင်းတပ် ဆွမ်ပရာဘွမ်မြို့ကို ဒီနှစ် မေလမှာသိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း စစ်ကောင်စီတပ်ဟာ ပူတာအိုမြိစ်ကြီးနားကားလမ်းပိုင်းမှာ အစစ်အဆေးပိုတင်းကြပ်လာပြီး လုံခြုံရေးအကြောင်းပြချက်နဲ့အခုလိုမျိုးတွေလုပ်ဆောင်လာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ KIA၊KPDF တပ်တွေသိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာဘွမ်မြို့ကိုထပ်မံသိမ်းယူဖို့ လုံရှာယာန်၊ဖက်မာကျေးရွာတွေမှာ စစ်အင်အားသုံးပြီးတပ်ထိုင်တာ၊ စစ်ရေးပြင်တင်တာတွေရှိနေကြောင်း ဒေသခံတွေကဆိုပါတယ်။ လုံရှာယန်ကျေးရွာဟာ ဆွမ်ပရာဘွမ်မြို့နဲ့ ပူတာအိုမြို့အကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး ခုလို စစ်ဆေးရေးတင်းကြပ်လာတာကြောင့် ခရီးသွားနဲ့ပြည်သူတွေ ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    28 October
    သတင်း

    လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ

    ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။  ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။  “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့  လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။  “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • May- 2024 -
    9 May
    သတင်း

    တန်ဂျာရွာမှာ စစ်ကောင်စီတပ် စစ်အင်အား တစ်ရာကျော် စစ်ကြောင်းထိုးဝင်ရောက်နေ

    ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။ ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။ စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။ “ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။ နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jan- 2024 -
    17 January
    သတင်း

    လုံရှာယန်မှာ စစ်တပ်ကအခိုင်အမာတပ်စွဲနေတာကြောင့် ဒေသခံများထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ

    ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာမှာ နယ်မြေလုံခြုံရေးခေါင်စဉ်နဲ့ အခိုင်မာတပ်စွဲနေတာကြောင့် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရတယ်။ အဲဒီတပ်စခန်းပြန်ပြီးတည်ဆောက်ထားတဲ့နေရာဟာ လုံရှာယန်ရွာရဲ့ ဘုရားကျောင်း၊ ပညာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေရဲ့ ကြားမှာဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်လာခဲ့ရင် ပြည်သူတွေဒုက္ခရောက်ပြီး ထပ်မံထွက်ပြေးရမှာကို စိုးရိမ်နေကြတာကြောင့် ကြိုပြီးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။ “အခုစစ်တပ်စခန်းတည်ဆောက်နေတာ ပြီးသလောက်ရှိပြီ။ တပ်တစ်ဖက်တည်းဆိုရင်တော့အဲ့လောက်စိုးရိမ်စရာမလိုပေမဲ့ လက်နက်ကိုင်တပ်နှစ်ဖွဲ့လုံးရှိတယ်ဆိုတော့ ကျနော်တို့က လောလောဆယ်စိုးရိမ်နေကြရတာပေါ့။ ဒီမှာသာ သေနတ်သံတွေနဲ့ပြည့်လာရင် ကျနော်တို့ရွာက မီးလောင်ပြာကျမလားဆိုတာတွေပေါ့ အခု ဒီမှာက တပ်ရင်းမှူးထိုင်တယ်လေ။အဲကြောင့် ကြိုပြီးပြေးနေကြတာ” လို့  လုံရှာယန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်း (၁၀) ရက်ကျော်ကစပြီး ပူတာအိုဘက်ကနေ စစ်ကောင်စီကား ၂ စီးနဲ့တက်လာပြီး အင်ခါးဂါးဘက်က တပ်ဆုတ်သွားတဲ့ တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့စစ်တွေလည်း စုပေါင်းပြီး တပ်စခန်းစတင်တည်ဆောက်လာတာ ခုဆိုရင် တစ်လခန့်ကြာလာပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြီးစီးသလောက်အခြေအနေမှာ ရှိပြီး စစ်တပ်စခန်းမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ထိုင်နေတာဖြစ်သလို ပြည်သူ့စစ်တွေအပါအဝင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိနေတယ်လို့ သိရပါတယ်။ ခုတည်ဆောက်ထားတဲ့ စစ်တပ်စခန်းဟာ ဘက်ဟိုးတွေနဲ့ မြေညှိတာတွေ၊ ကတုတ်ကျဉ်းတူးတာတွေ၊ ကျေးရွာထဲရှိခသစ်စက်တွေဆီက သစ်တွေအမြန်နည်းနဲ့ မှာယူပြီး ဝါးတွေရှာဝယ်ကာ တပ်စခန်းကို အခိုက်အမာတည်ဆောက်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီလိုတပ်စခန်းတည်ဆောက်ဖို့ ပြင်ဆင်နေလျက် ကျေးရွာအတွင်းမှ ပြည်သူများရဲ့နေအိမ်တွေမှာ ဝင်နေ၊ ဝင်အိပ်ပြီး၊ တစ်ချို့ကတော့ ပညာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေရာယူသည်သာမက ညတိုင်းညတိုင်း ရွာပတ်ပတ်လည်မှာ ဒရုန်းနဲ့လုံခြုံရေးယူပေးလျက်ရှိတယ်လို့ ဆိုပါတယ်။ အခု စစ်ကောင်စီဘက်က စခန်းတည်ဆောက်ပြီး တပ်ချနေတဲ့နေရာဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကချင့်လွတ်မြောက်ရေးတပ်မတော် (KIA)မှ သွားရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ လုံရှာယန်တပ်စခန်းဖြစ်ပြီး အခုတစ်ဖြန် အဲ့ဒီနေရာမှပြဲ ပြန်လည်ပြီး အခိုင်အမာစခန်းပြန်လည်တည်ဆောက်ခြင်းဖြစ်ပါတယ်။ “အခုသူတို့ပြန်လာပြီး တပ်တွေဆောက် မြေတွေတူးဖော် မြေတွေညှိပြီး အကြီးအကျယ် အ မှန်အကန်လုပ်ကြတယ်။ ဒါကြောင့် အခုကျနော်တို့ ဒေသခံပြည်သူတွေတောင် စိုးရိမ်နေတယ်။ သူတို့အဲ့မှာပြန်ထိုင်လို့ကတော့ ရွာထဲ တိုက်ပွဲတော့ ပြန်ဖြစ်တော့မယ်ဆိုပြီး စိုးရိမ်နေကြတာပေါ့။”လို့ လုံရှာယန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။  အခုလို တပ်စခန်းပြန်လည်ဆောက်လုပ်ပြီး နေရာယူလာတာဟာ စစ်ကောင်စီဘက်က နယ်မြေလုံခြုံရေးခေါင်းစဉ်တပ်ပြီး ဆောက်လုပ်နေတာလည်းဖြစ်သလို ပူတာအို မူလာရှီးဒီဂိတ်ကို ကာကွယ်ဖို့လည်းဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုပါတယ်။ “လုံရှာယန်မှာ သူတို့အမာခံ တပ်စွဲဖို့ နေရာပြန်ချနေတာပေါ့လေ။ သူတို့က အကာအကွယ်ယူချင်လို့ပေါ့။ မူလာရှီးဒီးဂိတ်တို့လိုဟာမျိုးတွေကို အကာအကွယ်ယူချင်လို့ ဒီမှာနေရာပြန်ယူတာပေါ့။ ဒီမှာက ရွာသားတွေလည်း ကချင်တိုင်းရင်းသားတွေပဲဆိုတော့ သူတို့အတွက် အကာအကွယ်ကောင်းလည်း ဖြစ်သွားတာပေါ့။ သူတို့ရဲ့ ပူတာအိုခံတပ်ရဲ့ ရှေ့တန်းအကာအကွယ်ပေးစခန်းအဖြစ် လုပ်နေတာပေါ့။” ဟု ပူတာအိုဒေသခံက ဆက်ပြောပါတယ်။ ပူတာအိုဒေသ ဆွမ်ပီယန် နဲ့ လုံရှာယန် ဒီဒေသတွေမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေတောတောင်တွေ နဲ့ မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဧပြီလမှာပဲ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။  အခုချိန် ပူတာအိုဒေသမှာ စစ်ကောင်စီအထိုင်ချ တပ်စခန်းတည်ထားတဲ့နေရာတွေက ဆွမ်ပရာဘွမ်စစ်ကောင်စီတပ်စခန်း၊ အွမ်ပီယန် နဲ့ လုံရှာယန် စခန်းတွေဖြစ်ပြီး ပူတာအိုဘက်မှာတော့ မူလာရှီဒီးဂိတ်တွေဖြစ်တယ်လို့ သိရတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    လုံရှာယန်ရွာအလယ်ခေါင်မှာ စစ်တပ်ကတပ်စွဲနေထိုင်ဖို့ စခန်းတည်ဆောက်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယန်ရွာမှာ စစ်ကောင်စီတပ်တွေက တပ်စွဲနေထိုင်ဖို့ စခန်းပြန်ပြီးဆောက်နေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ပူတာအိုကနေ စစ်ကား ၂စီး စစ်အင်အား ၆၀ လောက်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့…

    Read More »
  • Mar- 2023 -
    22 March
    တိုက်ပွဲ

    ပူတာအိုအနီး စစ်ရေးတင်းမာနေပြီး ထပ်မံထွက်ပြေးတိမ်းရှောင်ရမည်ကို ဒေသခံများစိုးရိမ်နေ

    ပူတာအိုမြို့ အနီးတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄ တို့ကြား စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲပြင်းထန်ကာ ထပ်မံ ထွက်ပြေးရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ မချန်းဘော ခလရ ၁၃၇၊ ၁၃၈ တပ်ရင်းမှ  စစ်အင်အား ၁၂၀ ဝန်းကျင်ခန့်သည် လုံရှာယန်ဘက်သို့…

    Read More »
Back to top button