တရုတ်နိုင်ငံသားများနှင့်ပတ်သက်သော လူကုန်ကူးခံရမှုဖြစ်စဉ်များကို အရေးယူမှုဆောင်ရွက်ရန်ခက်ခဲ

လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် ပြည်ပနိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများပတ်သက်လာလျှင် အရေးယူမှုပြုလုပ်ရန် ခက်ခဲကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အတွင်းလူကုန်ကူးခံရမှုဆွေးနွေးပွဲတွင် ထွယ်ဂျန်ဒါ အရပ်ဘက်အဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဒေါ်ဆာလီထွေး က ဆွေးနွေးပြောဆိုသွားခဲပါသည်။ “ထိုင်းနိုင်ငံကတော့ MOU ရှိတဲ့အတွက် တစ်ခုခုဖြစ်ပြီဆိုရင် အေဂျင်စီကပြောတယ်။ အလုပ်သမား သံရုံးကတစ်ဆင့် ဆုံးရူံးရတဲ့သူတွေတွက် အခွင့်အရေးကို တောင်းဆိုလို့ရတယ်။ ထိထိရောက်ရောက်ဆောင်ရွက် နိုင်ပေမယ့် ကျမတို့ရဲ့ ဒီတရုတ်နိုင်ငံနဲ့ ဖြစ်လာပြီဆိုရင် လူပြန်ရောက်လာတာတောင် ကံကောင်းပါပြီဆိုပြီး သူတို့ကို…