,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၈ လုံးတပြိုင်နက် မီးလောင်းပျက်စီးသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာ မြို့ဦးဘုန်းကြီးကျောင်းရှေ့ အိမ်ငှားနေထိုင်သည့် အိမ်ခန်းတစ်ခု၏ မီးဖိုဆောင်အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အနီးကပ်ယက်ရှိသော နေအိမ်များသို့ ဆင့်ကူး လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စလောင်တာက အိမ်ခန်းတွဲ ၅ တွဲတန်းလျားမှာ ကောက်ညှင်းပေါင်းနဲ့ ကြော်ရောင်းတဲ့ မိသားစုက
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပင်သာကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ခဲ့သည်ဟု ဒေသခံများပြောသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပင်သာရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ၇ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်ပြီး မီးရှို့နေတာပါ။ ဒီနေ့က ရာသီဥတု လေက အရမ်းတိုက်နေတာ မီးကတော်တော်လေးကိုများပါတယ်။ သူတို့ပတ်ချာလည်ကို လှည့်ပတ်ပြီး အကြောင်းမဲ့ မီးရှို့နေတာပါ“ ဟု
ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာသို့ စစ်တင်ဘာလ ၁၅ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုတွင် နေအိမ် ၄ လုံး မီးလောင်သွားပြီး စစ်ဘေးရှောင် ညီအစ်ကို နှစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၈၀ခန့်ဖြင့် မိဿလင်ကုန်းကျေးရွာကို လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာပြီး နေ့လည်၁နာရီခန့်တွင် ပြည်သူ့ နေအိမ် ၄လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ထို့နောက် ညနေ ၅ နာရီဝန်းကျင်တွင်