သတင်း

ကန့်ဘလူမြိုန့ယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ ၊ လက်နက်ကြီးပစ်ခတ်မူကြောင့် စစ်ရှောင်ပြည်သူ ၂ဦး ဒဏ်ရာရ

ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာသို့ စစ်တင်ဘာလ ၁၅ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုတွင် နေအိမ် ၄ လုံး မီးလောင်သွားပြီး စစ်ဘေးရှောင် ညီအစ်ကို နှစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၈၀ခန့်ဖြင့် မိဿလင်ကုန်းကျေးရွာကို လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လာပြီး နေ့လည်၁နာရီခန့်တွင် ပြည်သူ့ နေအိမ် ၄လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ညနေ ၅ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချပ်ကုန်းကျေးရွာမှ စစ်ဘေးရှောင် တဲတစ်လုံးကို လက်နက်ကြီးထိမှန်ခဲ့ပြီး အောင်ကျော်ဝင်း ၂၅ နှစ် နှင့်အောင်ကျော်မင်း ၁၅ နှစ် ညီအစ်ကိုနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။

၁ နာရီဝန်းကျင်လောက်မှာ မိဿလင်ကုန်းကျေးရွာကို မီးစရှို့တယ်။ ၃ နာရီလောက်မှာတစ်ခါ မီးရှို့တယ်။ နေအိမ်၄လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ အဲ့ဒီနောက်သူတို့က ပန်းဆက်တောင်ဘုရားတောင်ကုန်းဘက်ကိုထွက်သွားပြီး အဲ့ဒီတောင်ကုန်း အနောက်ဘက်က ချပ်ကုန်းကျေးရွာကို ညနေ ၅ နာရီလောက်မှာ ၆၀ မမနဲ့ ပစ်တာ။ ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါ လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့သည့် ညီအစ်ကိုနှစ်ဦးကို နီးစပ်ရာ CDM ဆရာများထံတွင် ဆေးကုသမှု ခံယူလျှက်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စစ်ကောင်စီတပ်ဖွဲ့များသည် ပန်းဆက်တောင်ဘုရားကုန်းမှ ချပ်ကုန်းကျေးရွာသို့ ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ဝင်ရောက်သွားခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေသည်ဟု ဒေသခံများ ဆိုသည်။

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အသက် ၇၅ နှစ်အရွယ် အဘိုး ခြေထောက်ကျိုးသွားခဲ့ပြီး အသက် ၁၃နှစ် အရွယ် ကလေးငယ်တစ်ဦးမှာ ညာဘက်လက်ကောက်ဝတ် ပွင့်ထွက်ဒဏ်ရာ ရရှိခဲ့သည်။

Show More

Related Articles

Back to top button