လေကြောင်းပစ်ခတ်

  • Jul- 2023 -
    10 July
    သတင်းPhoto; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ

    ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်

    စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…

    Read More »
Back to top button