လေကြောင်း
-
Oct- 2025 -6 Octoberသတင်း
နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး
ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့ PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။ အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2025 -30 Septemberသတင်း
လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ
ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…
Read More » -
18 Septemberသတင်း
လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်
ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇…
Read More » -
16 Septemberသတင်း
ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။ “SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ…
Read More » -
3 Septemberသတင်း
KIA တပ်မဟာ (၂) နေရာကို စစ်တပ်က လေကြောင်းနဲ့ အကြိမ် ၂၀ ခန့် ပစ်ခတ်
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂) နေရာကို စစ်တပ်က Y – 12 လေယာဉ် နှစ်စီးနဲ့ အကြိမ် ၂၀ လောက် လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဩဂုတ်လ…
Read More » -
Aug- 2025 -19 Augustသတင်း
လေကြောင်းနဲ့ ဒရုန်းရန်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကို KIA အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေသေး
မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅၊ ၁၆ ရက်တွေမှာ မိုင်းနောင်နဲ့ မမုံကိုင်…
Read More » -
Jul- 2025 -25 Julyသတင်း
ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေကြောင်းအကူနဲ့အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး တန်ပြန်ထိုးစစ်ဆင်နေတာ ခုဆိုနှစ်လကျော်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။
Read More » -
18 Julyသတင်း
စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာပေါင်း ၂၀ ခန့်တိမ်းရှောင်
လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်း– ခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း…
Read More » -
16 Julyသတင်း
ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ
ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စီးနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီ နဲ့ ဆွတ်ငိုင်ယန်ကျေးရွာအနီးတဝိုက်ကို ဗုံးလာကြဲသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဗုံး ၂ ကြိမ်လာကြဲသွားတယ်။ ဖားကန့် စုပေါင်း သင်္ချိုင်းနေရာတစ်ဝိုက် မှော်စတင် သင်္ချိုင်းရဲ့ အောက်ဘက်ခြမ်းမှာ ကျကွဲတယ်တဲ့။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ၊ ဆွတ်ငိုင်ယန် အဲ့ဒီကျေးရွာ ၃ ခုဆုံတဲ့ နေရာကို လာကြဲသွားတာ”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကြောင်းထိုးနေတဲ့ မော်မောလယန် ဘက်ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ပြီးနောက် ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မှော်ဝမ်းကလေး ဘုရားဝင်းအတွင်းနေရာယူထားတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်တပ်ဖွဲ့တွေ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ KIA ရဲ့ ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။ “မှော်ဝမ်းကလေး ဘုရားကျောင်းမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို KIA ဘက်က ၁၂၀ မမ ရှိတဲ့ ဒရုန်းနဲ့ သွားပစ်ခဲ့တယ်။ အဲထဲမှာ ၆ ယောက်သေတယ်၊ ၇ ယောက်က ဒဏ်ရာသွားတယ်။ နောက်ပြီး မှော်ဝမ်းကလေးကျေးရွာ တဝိုက်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းကောက်ရတယ်”လို့ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ မော်မောဘွမ့်၊ လမောင်ကုန်း တောင်းကုန်းနေရာတွေကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၉ လောင်းအထိ KIA ဘက်က ကောက်ယူရခဲ့တယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ နှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာနဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ မော်မောလယန်၊ ရှရော်ခ ညောင်ပင်းကုန်း ကျေးရွာဘက် စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်း နှစ်ခုဟာ ဖားကန့် ဗျူဟာကုန်းအတွက်အလွန်အရေးပါတဲ့ နေရာဖြစ်သလို ဖားကန့် မြို့တွင်း၊ မြို့ပြင် နေရာအားလုံးကို လှမ်းထောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ ဖားကန့်တိုက်ပွဲ စစ်တပ်က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဇူလိုင် ၁၀ ရက်ကျော်အထိ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တဲ့ အထိသာရှိခဲ့ပေမယ့် ဇူလိုင် ၁၅ ရက်နေ့ကစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ စစ်တပ်က ဖားကန့်ဒေသကို ထိန်ချုပ်နိုင်ဖို့ လေကြောင်းအသုံးပြုတိုက်ခိုက်လာတာကြောင့် ဖားကန့်ပြည်သူလူထုတွေဟာ စိုးရိမ်ထိပ်လန့်မှုတွေလည်းရှိနေပါတယ်။ လမောင်ကုန်းနဲ့ မော်မောဘွမ့်ဘက်ကို စစ်ကြောင်းထိုး ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ဆက်မတိုးနိုင်ဘဲ မော်မောလယန်၊ မှော်ဝမ်းကလေး၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာတွေမှာ သောင်တင်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
15 Julyသတင်း
မြစ်ကြီးနား-မန္တလေးလမ်းမကြီးတစ်နေရာ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ကျေးရွာအပိုင်းကို စစ်ကောင်စီတပ်က မနေ့က ဇူလိုင်လ ၁၄ ရက်နေ့မှာပဲလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကထုတ်ပြန်ထားကြပါတယ်။ ဒိုးပင်ကျေးရွာအပိုင်း မြစ်ကြီးနား–မန္တလေးလမ်းမကြီးတစ်နေရာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ခရီးသွားတစ်ချို့ထိခိုက်ဒဏ်ရာရှိခဲ့သလို စက်သုံးဆီကား ၂ စီးနဲ့ ထမင်းဆိုင်တစ်ဆိုင်လည်း…
Read More »









