လေရှီးမြို့

  • Jan- 2024 -
    17 January
    သတင်းNaga

    နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်တပ်က လုံခြုံရေး ၂ ဆ တိုးမြင့်ပြီး ကျင်းပသွားခဲ့

    စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့မှာ ကျင်းပပြုလုပ်သွားတဲ့ ၃၄ ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်တွေဟာ လုံခြုံရေး ၂ ဆတိုးမြင့်ပြီး ကျင်းပသွားတယ်လို့ လေရှီးဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၆ ရက်အထိ လေရှီးမြို့မှာ နိုင်ငံတော်အဆင့် ပြုလုပ်ကျင်းပသွားတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကောင်စီတပ်က အရင်နှစ်တွေထက်မတူဘဲ လူအင်အားဖြည့်ကာ လုံခြုံရေး ၂ ဆ တိုးမြင့်ကျင်းပသွားတယ်လို့ လေရှီးဒေသခံတစ်ဦးက ပြောပါတယ်။ “အရင်နှစ်ကထက်တော့ မစည်တော့ဘူးပေါ့ လုံခြုံရေးကတော့ အရမ်းတင်းကျပ်တယ် ပွဲထဲကို စစ်ဆေးပြီးတော့မှ  ဝင်ခိုင်းတယ်” လို့ ဆိုပါတယ်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့တဲ့ ပွဲတော်မှာလုံခြုံရေးအတွက်လို့ဆိုကာ ပွဲကျင်းပတဲ့ကွင်းထဲကိုဝင်မယ့်သူတွေကို  လက်ကိုင်အိတ်၊ဘေးလွယ်အိတ်နဲ့ပါလာသမျှအိတ်တွေကို အသေးစိတ်စိတ်ဆေးတဲ့အပြင် လည်စွဲနဲ့ စတီကာလေးတွေကပ်ထားတဲ့သူတွေဝင်ခွင့်ပြုခဲ့ပြီး စစ်တပ်နဲ့ဒေသခံပြည်သူများအားလုံးဝိုင်းဝန်းတင်းကျပ်ပြီး ကျင်းပခဲ့ရကြောင်း ဒေသခံနောက်တစ်ဦးက ခုလိုပြောပါတယ်။ “လုံခြုံရေးတော့အဆင်ပြေပါတယ် ဒေသခံတွေကလည်း အတက် နိုင်ဆုံး ကိုယ့်ရိုးရာပွဲဆိုတော့ အောင်လံနိမိတ်ကောင်းကောင်းလေး ဘယ်လိုဘဲအခြေအနေရှိရှိ ကိုယ့်ရဲ့ပွဲ တော် က ငြိမ်ငြိမ်ချမ်းချမ်းနဲ့ တစ်နှစ်မှာတစ်ကြိမ် ပြုလုပ်တဲ့အခါမှ ကောင်းကောင်းမွန်မွန်ကျွန်တော်တို့လည်း ကိုယ့်ကို ဝန်ရံပြီးတော့မှ ပြီးမြောက်အောင် ဆောင် ရွက်ခဲ့တာပေါ့။ ဒီမှာက မဝင်ခိုင်းတာတို့တော့မရှိဘူး သူတို့ လုံခြုံရေးလည်ဆွဲတွေလုပ်ပေးတယ်၊စတီကာလေး တွေ လုပ်ပေးတယ်သူစည်းကမ်းနဲ့သူတော့ ထိန်းသိမ်းတယ် အရင်တုန်း ကလိုတော့ မစည်ဘူး ပွဲတာပျော်ကြတာလူတွေကလည်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး ရှုပ်ထွေးမှုအ ခြေအနေပေါ်မှာအားလုံး ကိုယ်စီကိုယ်စီ သတိထားပြီးမှလွတ်လွတ်လပ်လပ်တော့ ပျော်လို့တော့ အဆင်မပြေဘူးပေါ့”ဟုဆိုသည်။ နာဂရိုးရာ ပွဲတော်ကို စစ်ခေါင်စီတပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ အပါအဝင် စစ်ကိုင်းကိုင်း ဝန်ကြီးချုပ်ဦးမြတ်ကျော် စုစုပေါင်း ၆ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပွဲတော်ကျင်းပရေးနဲ့ပတ်သတ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နာဂပြည်သူ့ကာကွယ်ရေးတပ်မတော် NPDF မှာ စစ်ကောင်စီခေါင်းဆောင်များ ခေါ်ယူကျင်းပခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပွဲလုံခြုံရေးအား တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွေလည်း ရှိခဲ့ပါတယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသရှိ ခန္တီးမြို့၊လဟယ်မြို့၊နန်းယွန်းမြို့နှင့် လေရှီးမြို့တွေမှာ နှစ်တိုင်းအ လှည့်ကျကျင်းပလေ့ရှိပါတယ်။ By – ဇမီ

    Read More »
  • Dec- 2023 -
    7 December
    သတင်း

    နာဂဒေသမှာ အထက်တန်းကျောင်းသူအဖွဲ့လိုက် ပျောက်ဆုံးနေ

    စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့ ဆပ်ပြာကျေးရွာက Grade-9 အထက်တန်းကျောင်းသူ ၆ ဦးအဖွဲ့လိုက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းသူ ၆ ဦးဟာ မိဘအသိဆွေမျိုးတွေကို အသိပေးပြောဆိုထားတာမရှိဘဲ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်း အိမ်ကနေအဖွဲ့လိုက်ထွက်သွားတာဖြစ်တယ်လို့ ပျောက်ဆုံးနေတဲ့ကျောင်းသူတစ်ဦးရဲ့ မိသားစုဝင်တွေက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ်ပျောက်နေတာ G-9 ရှိသေးတာ အတန်းက…

    Read More »
Back to top button