သတင်း

နာဂဒေသမှာ အထက်တန်းကျောင်းသူအဖွဲ့လိုက် ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း နာဂဒေသ လေရှီးမြို့ ဆပ်ပြာကျေးရွာက Grade-9 အထက်တန်းကျောင်းသူ ၆ ဦးအဖွဲ့လိုက်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောင်းသူ ၆ ဦးဟာ မိဘအသိဆွေမျိုးတွေကို အသိပေးပြောဆိုထားတာမရှိဘဲ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်း အိမ်ကနေအဖွဲ့လိုက်ထွက်သွားတာဖြစ်တယ်လို့ ပျောက်ဆုံးနေတဲ့ကျောင်းသူတစ်ဦးရဲ့ မိသားစုဝင်တွေက KNG ကိုခုလိုပြောပါတယ်။

ဟုတ်တယ်ပျောက်နေတာ G-9 ရှိသေးတာ အတန်းက အဖွဲ့လိုက်ပျောက်နေတာ ၆ ယောက်စလုံး ဘာသတင်းမှ မရလို့ခက်နေတာ၊ရှာနေတာ မတွေ့ဘူးလို့ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူမလေး မရွာဂေလားအပါအဝင် နောက်ထပ် ၅ သူငယ်ချင်း ၅ ဦး စုစုပေါင်း ၆ ဦးဖြစ်တယ်လို့သိရပြီး ပျောက်ဆုံးတဲ့ညကစပြီး မိဘတွေလိုက်ရှာနေတာ ခုဆိုရင် ၃ ရက်ကြာမြင့်လာပေမယ့် အဆက်အသွယ်မရရှိသေးကြောင်း မရွာဂေလားနဲ့နီးစပ်တဲ့ ဆွေမျိုးတစ်ဦးက ပြောပါတယ်။

ဆပ်ပြာကျေးရွာကပါ လေရှီးမှာကျောင်းတက်နေတာ ၉ တန်း အသက်က ၁၅ နှစ်ပါ၊ရည်စား တွေလည်းမရှိဘူး၊သူက ညာဘက်မျက်လုံးထဲမှည့်ရှိတယ်၊သူတို့ဘယ်နှစ်ယောက်သွားလို့ သွားမှန်းလည်းမသိဘူး၊ စုံးစမ်းလည်းမရဘူး မိဘတွေတော့ စိတ်ပူပြီး ရှာနေတယ်၊ခုထိဘာသတင်းမှကို မရသေးဘူး၊လူလိမ်တွေ ခေါ် သွားတာတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတစ်ချို့ရဲ့ ပြောဆိုချက်အရ အဲဒီကျောင်းသူ ၆ ဦးနဲ့အတူ ကျောင်းမနေတော့တဲ့ နောက်ထပ် ဒေသခံလူငယ်တစ်ချို့လည်း လိုက်ပါသွားတာတွေရှိတယ်လို့ဆိုပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် တိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လေရှီးမြို့နယ်မှာ စစ်ဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီတပ်တွေဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားတာ ဖြစ်ပြီး လေရှီးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင်မှာပါဝင်ကာ အိန္ဒိယနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button