ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်း လွှတ်မြောက်

တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းသည် မြစ်ကြီးနားအကျဉ်းထောင်မှ မေလ ၁ ရက်နေ့တွင် လွတ်‌မြောက်လာပြီဖြစ်‌ကြောင်း သိရသည်။ “သူ့ကိူချုပ်‌‌နှောင်ထားတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ ပြစ်ဒဏ်စေ့လို့ လွတ်တဲ့သဘောပါဘဲ ခင်ဗျာ မေလ ၁ရက်နေ့လွှတ်လာပါပြီ" ဟု ကချင်ပြည်နယ် NLD ပါတီ၏ ပြည်နယ်အလုပ်အမူဆောင်က ပြောသည်။ လွှတ်မြောက်လာသည့် ပြည်နယ်လွှတ်တော်ကိုယ်စား‌ဟောင်းဦးမြသိန်းသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ NLD ပါတီရုံးတွင် ဖမ်းဆီးခံရပြီးနောက်