,
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့ စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၃ဦး ထက်မနည်း ကျဆုံးခဲ့သည်ဟု Tiger King ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ဇွန်လ ၂ရက်နေ့တွင် ဝက်လက်မင်တော်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို ဝက်လည်ရွဲကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်းတစ်နေရာတွင် Tiger King တပ်ရင်း ၁၅ တပ်ခွဲ (၁)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် လူနေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံရသည့်အတွက် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်အတွက် အဝတ်အထည် နှင့် အစားအသောက်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ယင်းဒေသခံများထံမှသိရသည်။ ဇွန်လ ၁၃ ရက်နေ့ ဝက်လက်မြို့နယ် သမာကုန်းနှင့်မဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဇွန်လ ၁၄ ရက်နေ့တွင် မဲကုန်းကျေးရွာကို လေကြောင်းလိုင်းအပါအဝင် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် လတ်တလောတွင် မီးဘေးသင့်ပြည်သူ ၁၈၀၀ ကျော်