ဝန်းသိုမြို့
-
Oct- 2024 -8 Octoberသတင်း
ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်
တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တိုင်းမြို့သိမ်း တိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြို့အလုံးစုံသိမ်းပိုက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပင်လည်ဘူးမြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ပထမကြိမ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ စစ်တပ်ဘက်က လေကြောင်း၊မြေပြင်စစ်ကြောင်းနဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် KIA ပူးပေါင်းတပ် နောက်ဆုတ်ပေးလိုက်ရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမေယ့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဟာ တစ်လကျော် တစ်ဖြတ်ရပ်နားသွားပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ KIA ပူးပေါင်းတပ်ဟာ မြို့သိမ်းတိုက်ပွဲထပ်မံဖော် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း မြို့သိမ်းနိုင်တာမရှိခဲ့ပါဘူး။ အဲဒီနောက် ၇ လအကြာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲထပ်မံဖော်ဆောင်လာရာကနေ တစ်လကျော်အကြာ အောက်တိုဘာ ၈ ရက် မနက် ၅နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းလိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “ဟုတ်တယ် ပြီးခဲ့နှစ်က တစ်ခါရပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်လက် လွှတ်လိုက်ရတယ်။ ဒီတစ်ခေါက်ကျတော့ သူတို့ဘက်ကလည်း ထိခိုက်သေဆုံးမှုအရမ်းများ သွားပြီ လက်လွှတ်စရာအကြောင်းလည်းမရှိဘူး။” လို့ ပြောပါတယ်။ ဩဂုတ်လ ၈ တစ်ဖန်စတင်ခဲ့ ဒီတစ်ကြိမ်တိုက်ပွဲမှာ တစ်လအတွင်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်တိတိ စစ်အင်အားဖြည့်တာ၊ရိက္ခာပို့ခဲ့ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ဩဂုတ်လ ၃၀ ရက်နေ့ လေကြောင်းနဲ့လာရောက်ပို့ဆောင်သွားတဲ့ စစ်ကြောင်းအပါအဝင် စစ်ကြောင်းအားလုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ချေမှုန်းပြီး စစ်သုံ့ပန်း ၈၀ ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။…
Read More » -
Oct- 2023 -4 Octoberသတင်း
ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး သေနတ်တစ်လက်နဲ့ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ အောက်တိုဘာ ၃ရက်နေ့ မနေ့က နေ့လည် ၂နာရီလောက်မှာ ကောလင်းမြို့ပေါ် ကောလင်းဘူတာမီးရထားရပ်ကွက်မှာ ကင်းယူနေတဲ့စစ်ကောင်စီအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “ဝန်းသို ပကဖ အဖွဲ့တွေ သွားပစ်တယ်လို့သိရတယ် မြို့လည်ပဲဗျ ရဲစခန်းနဲ့…
Read More » -
Sep- 2023 -29 Septemberသတင်း
ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးတွေထဲက ကလေး ၇ယောက်ကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ…
Read More »