တိုက်ပွဲသတင်း

ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား  ယောက်သေဆုံးပြီး သေနတ်တစ်လက်နဲ့ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။

အောက်တိုဘာ ၃ရက်နေ့ မနေ့က နေ့လည် ၂နာရီလောက်မှာ ကောလင်းမြို့ပေါ် ကောလင်းဘူတာမီးရထားရပ်ကွက်မှာ ကင်းယူနေတဲ့စစ်ကောင်စီအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဝန်းသို ပကဖ အဖွဲ့တွေ သွားပစ်တယ်လို့သိရတယ် မြို့လည်ပဲဗျ ရဲစခန်းနဲ့ လည်း မဝေးပါဘူး ဘူတာလုံခြုံရေး တွေပဲဖြစ်မှာပါ အကြမ်းဖက်စကစက မြို့ထဲကို မထွက်ရဲဘူး ဗျ ကင်းနေရာတွေပဲ စုနေကြတယ်။ သူတိုအပစ်ခံရရင် လက်နက်ကြီးနဲ့လှမ်းပစ် တာပဲလုပ်ကြတယ်လို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း MA 13 တစ်လက်၊ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့ပြီးကာကွယ်ရေးတပ်ဘက်ကတော့ အထိအခိုက်မရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းကွန်ယက်က သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ရဲ့ အရှေ့ခြမ်း၊အနောက်ခြမ်းနဲ့ နေရာတော်တော်များများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက စိုးမိုးထားနိုင်ပြီး မြို့နယ်ရဲ့ အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးအဖွဲ့ကပဲ ဆောင်ရွက်လျှက်ရှိတယ်လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ )တာဝန်ရှိသူတစ်ယောက်က အခုလိုပြောပါတယ်။

စစ်ကောင်စီရဲ့ ရုံးတွေ ရဲစခန်းတွေရှိတဲ့ လမ်းတွေဆို ပိတ်ထားတယ် ပြည်သူတွေကလဲ ဖြတ်သွားဖြတ်လာ တောင်မလုပ်ကြပါဘူး မြို့နယ်အတွင်း စကစ ရဲ့ အုပ်ချုပ်ရေးလုပ်ငန်း တွေကတော့ပျက်နေပါပြီဗျ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကပဲ မြို့နယ်တွင်း အုပ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ် မြို့ပေါ်မှာလည်း ထိထိရောက်ရောက် စကစကမစိုးမိုးနိူင်ပါဘူးလို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့ကလည်း ဝန်းသိုမြို့ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကောလင်းမြို့ ကားကွင်းကြီးနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button