ဝိုင်းမော်

  • Jul- 2025 -
    18 July
    သတင်း

    မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့  KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။  မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • Jun- 2025 -
    12 June
    သတင်း

    စစ်ရေးတင်းမာနေတဲ့ လမြန်ရွာမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊လမြန်ကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာတစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်မှာ တစ်ကြိမ်ပစ်ခတ်သွားတာလို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့…

    Read More »
  • 3 June
    သတင်း

    တောင်ကျချောင်းရေကြီးမှုကြောင့် ဆဒုံးဒေသခံ ၅ ဦး သေဆုံး၊ အလောင်း ၁ ခုသာ တွေ့ရှိ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီးရှိ ကျေးရွာ ၃ ရွာတွင် တောင်ကျချောင်းရေကြီးမှုကြောင့် သေဆုံးခဲ့ရသော ဒေသခံ ၅ ဦးအနက် ၁ ဦး၏ အလောင်းသာ တွေ့ရှိရပြီး ရေဘေးသင့်ပြည်သူများအတွက် ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။ ဆဒုံးမြို့အနီး…

    Read More »
  • 2 June
    သတင်း

    မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ‌ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း…

    Read More »
  • May- 2025 -
    24 May
    သတင်း

    ဝိုင်းမော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးမှုရှိနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေ ဝါးရှောင်နဲ့ ဆဒုံး – ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ မနေ့က မေလ ၂၃ ရက်နေ့ တစ်ရက်လုံး…

    Read More »
  • 20 May
    သတင်း

    မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၅ ရက်အတွင်း မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ပထမဖြစ်စဉ်က မေလ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်…

    Read More »
  • 6 May
    သတင်း

    ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့– ဆဒုံး–ချီဖွေ သွားလမ်းမပေါ်ရှိ လမြန်ရွာနဲ့ ဝိုင်းမော်– ဗန်းမော်သွားလမ်း ဝိုင်းမော်မြို့အထွက်နေရာမှာ မေလ ၄၊၅ ရက်နေ့မှာ အပြန်လှန်ပစ်ခတ်တာတွေရှ်ိနေပြီး နှစ်ဖက်တပ်အကြား…

    Read More »
  • Apr- 2025 -
    21 April
    သတင်း

    ခတ်ချိုမှာ အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ အသက်၂၈နှစ်အရွယ် အမျိုးသားတစ်ဦး ဓါးထိုးသွင်းဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေသိရပါတယ်။ ခတ်ချိုရွာကနေ တစ်နာရီဝန်းကျင်သွားရတဲ့ နောင်ပကလယ်တောတစ်‌နေရာမှာ ဓါးထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသားတစ်ဦး‌တွေ့ရှိကြောင်း တာဝန်သိပြည်သူတွေကမွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကို ဧပြီလ ၂၀ ရက် မနက်၇နာရီဝန်းကျင်…

    Read More »
  • 11 April
    သတင်း

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…

    Read More »
  • 3 April
    သတင်း

    ယာယီထိုးစစ်ရပ်မယ်လို့ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ

    ငလျင်နောက်ဆက်တွဲ ကယ်ဆယ် ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတဝိုက်ကို ဒရုန်းပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ…

    Read More »
Back to top button