မုံရွာတွင် PDF ထောင်ထားသော မိုင်းကွင်းကို အရပ်သားအသွင်ယူ ရှာဖွေနေသည့်အဖွဲ့ကို PDF သတိပေး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းကွင်းများကို အသွင်ပြောင်းကာ ရှာဖွေစုံစမ်းနေသည့် လူတစ်စုကို သပြေညိုပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ ရန်မှ ကာကွယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းများကို စစ်ကောင်စီတပ်လက်ပါးစေ လူငယ်တစ်စုက အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်နေသဖြင့် အဆိုပါအဖွဲ့ကို ၂ ကြိမ်တိုင်တိုင် ဖမ်းမိခဲ့သော်လည်းဆက်လက်လုပ်ဆောင်နေသောကြောင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။