,

Breaking News :

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

မုံရွာတွင် PDF ထောင်ထားသော မိုင်းကွင်းကို အရပ်သားအသွင်ယူ ရှာဖွေနေသည့်အဖွဲ့ကို PDF သတိပေး

Photo – Crd

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့်မိုင်းကွင်းများကို အသွင်ပြောင်းကာ ရှာဖွေစုံစမ်းနေသည့် လူတစ်စုကို သပြေညိုပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီ ရန်မှ ကာကွယ်ရန်နှင့် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းများကို စစ်ကောင်စီတပ်လက်ပါးစေ လူငယ်တစ်စုက အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်နေသဖြင့် အဆိုပါအဖွဲ့ကို ၂ ကြိမ်တိုင်တိုင် ဖမ်းမိခဲ့သော်လည်းဆက်လက်လုပ်ဆောင်နေသောကြောင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ကြောင်း သပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။

“မတ်လပိုင်းမှာ သူတို့ကိုပထမဆုံးအကြိမ်မိတယ်။ အဲ့လိုလုပ်နေတာတွေ့လို့သူတိူ့ကိုဖမ်းပြီးစစ်တယ်။ ကလေးတွေကော ပါတဲ့အတွက် နောက်မလုပ်ဖို့သတိပေးပြီးပြန်လွတ်ပေးခဲ့တယ်။ ကျနော်တို့ကတော့ ပုံမှန် ပြည်သူတွေထဲက ပိုက်ဆံရလို့ လုပ်မိလုပ်ရာ လုပ်ကြတာထင်ပြီး ၂ ကြိမ်အထိပြန်လွတ်ပေးခဲ့တာ။ လွန်ခဲ့တဲ့ သုံးရက်မှာလည်း အမိုင်းကွင်းမှာတွေ့လို့ သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်ခဲ့တယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအဖွဲ့တွင် လူငယ် ၆ ဦး ခန့်ပါဝင်ပြီး ဆယ်ကျောက်သက်အရွယ်လည်း ပါဝင်ကြောင်းသိရသည်။

“သူတို့က အဲ့လမ်းပိုင်းမှာ အမှိုက်ကောက်သမားအသွင်ယူတယ်။ စျေးသည်အသွင်ယူတယ်။ အဲလိုအသွင်သဏ္ဍန်ယူပြီး မိုင်းကွင်းတွေကို ဖော်ထုတ်ဖို့လှုပ်ရှားနေတာ။ အဲ့ဒါကြောင့်နောက်တစ်ကြိမ်တွေ့ရင်တော့ ဒလန်လို့သတ်မှတ်ပြီး အရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သပြေညိုပြောက်ကျားတပ်ဖွဲ့သည် မုံရွာခရိုတပ်ရင်း(၄)-Chindwin Attack Force ၏ တပ်ခွဲ(၁) ပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သည်။

Read Previous

ပူတာအိုတွင် ဖုန်းလိုင်း အားလုံး နီးပါး ပြတ်တောက်နေ

Read Next

ကသာအထက်ပိုင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၆ ဦးထက်မနည်းသေဆုံးပြီး

Leave a Reply

Your email address will not be published.