သိမ်းပိုက်မှု

  • Jul- 2024 -
    26 July
    သတင်း

    လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင် ၂၆ ဒီနေ့မွန်းလွဲပိုင်းထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခု မြို့တွင်းတစ်ဝက်စီ နေရာယူကာ အချင်းချင်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNGကို ပြောပါတယ်။ “အခုအခြေအနေက တစ်ဝက်တစ်ဝက်ပဲဗျ။ လောလောဆယ်အနေအထားက MNDAA တစ်ဝက်၊ စစ်ကောင်စီတစ်ဝက်တော့ရှိနေတယ်။ သိမ်းလို့ရပြီဆိုတာလည်း မဟုတ်သေးဘူး။ မြို့တွင်းထဲမှာ ပစ်ခတ်မှုတွေရှိတယ် ရပ်ကွက်ထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ လားရှိုးကို မြန်မြန်သိမ်းနိုင်မဲ့အနေအထားတော့ ရှိတယ်။ ဘာလို့ဆိုမြောက်ပိုင်းတိုင်း စကစအနေနဲ့လည်း စိတ်ဓာတ်ကျနေကြပြီလေ။” လို့ လားရှိုးဒေသခံတစ်ဦး ကပြောပါတယ်။  လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်ကတည်းကစပြီး သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ လုံး၀လွတ်မြောက်ကြောင်း ကိုးကန့် MNDAA က ဇူလိုင် ၂၅ မနက် ၁၀ နာရီလောက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ အခြေအနေရှုပ်ထွေးနေသေးသလို စစ်တပ်ဘက်လည်း လေကြောင်း၊လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒေသခံတွေ ပြောဆိုချက်အရ လက်ရှိ လားရှိုတိုက်ပွဲမှာ တိုင်းမှူးကရှောင်ပြေးနေတာကြောင့် စစ်ကောင်စီဘက်က တိုင်းစစ်ဌာနချုပ် (ရမခ)ရဲ့ ဗဟိုအမိန့်ညွှန်ကြားမှုမရှိတော့တဲ့အတွက်  တပ်ဖွဲ့ဝင်တွေဟာ မြို့ထဲ ပြန့်ကျဲနေပြီး ဆက်လက်ခုခံနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ ကိုးကန့် MNDAA ဘက်ကလည်း မြို့တော်ခန်းမအနီးနဲ့ လားရှိုးစစ်ဌာနချုပ် (ရမခ)တစ်ဝက်နားထိ နေရာယူထားတဲ့အပြင် မြို့တွင်းနေရာတော်တော်များနဲ့ အရပ်သားနေအိမ်တွေထဲ နေရာယူနေတာကြောင့် နှစ်ဖွဲ့တပ်ကြား အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိတဲ့ ပြည်သူတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။  “လက်နက်ကိုင်တွေက နေအိမ်တွေပေါ်မှာလည်း လိုက်နေနေတယ်။ အခုပြည်သူတွေ ထွက်ချင်တဲ့သူတွေလည်း ထွက်လို့ရနေတယ်။ မနေ့ကထိတော့ ထွက်လို့မရဘူး။ ရှိတဲ့ဟာတွေလည်း ကြိုးစားထွက်နေတယ်။ ဒီနေ့ အားလုံးလည်း တန်းစီပြီး ထွက်နေကြတယ်။ တိုက်ပွဲအခြေအနေက ပုံမှန်ပဲ။ အဓိကဆိုးတာက လူတွေဒဏ်ရာရထားတဲ့ဟာကို သွားယူပေမဲ့မရဟိတတွေမရှိတာ။”လို့ နောက်ထပ် လားရှိုးဒေသခံ ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ အရပ်သားပြည်သူ ၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးတာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့ ထွက်လို့မရပဲပိတ်မိနေပေမဲ့ ဒီနေ့ ဇူလိုင် ၂၆ ဒီနေ့မနက်မှာတော့ မြို့ထဲကနေ ဆက်လက်ထွက်ခွာ ရှောင်ပြေးသူတွေရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ မြို့တွင်း လက်နက်ကြီးထိမှန်သေဆုံးနေတဲ့အရပ်သားတွေရဲ့ အလောင်းတွေကိုလည်း ကောက်ယူဖို့မရရှိတဲ့အပြင်  လက်နက်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ထားသူတွေကိုလည်း ကူညီကယ်ဆယ်နိုင်ဖို့ ပရဟိတအသင်းတွေ မရှိဘူးလို့ သူကပြောပါတယ်။  လက်ရှိ လားရှိုးမြို့ထဲက နောက်ဆုံးအခြေအနေကို နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပြပါတယ်။ “လားရှိုးရပြီလို့မဟုတ်သေးဘူး။ကိုးကန့်ကဝင်လိုက်၊ပစ်လိုက်၊  ပြန်ဆုတ်လိုက်၊ စစ်တပ်ကလည်း ပြန်ပစ်လိုက်၊ ပြန်ရှောင်လိုက် အဲလိုရှိနေကြသေးတယ်။ မနေ့ညအထိ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲနေတုန်းဖြစ်တယ်။ သိမ်းပြီလို့ထုတ်လိုက်တာက ဆိုရှယ်ဗီဒီယာ မှာ ကစားတာလို့ပဲမြင်တယ်။ စစ်တပ်က ဆုတ်သွားရင်တောင် အခြေအနေကကြာအုံးမယ်လို့မြင်တယ်။ စစ်တပ်ထဲ ကိုးကန့်ဝင်ရောက်နိုင်ပြီဆိုရင်တောင် စစ်ကောင်စီဘက်ကလည်း တစ်ခုခုတော့ ကြံစည်ကစားနေတယ်လို့မြင်တယ်။”လို့ သူကပြောပါတယ်။ စစ်ကောင်စီဘက်က တပ်ရင်းစခန်းတွေထဲကနေ ခုခံတာမျိုးမလုပ်တော့တာကြောင့် ကိုးကန့် MNDAA ဘက်က စစ်တပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီဆိုရင်တောင် လားရှိုးတိုက်ပွဲက အခြေအနေ ဆက်လက်ရှုပ်ထွေးနိုင်ပြီး အချိန်ကြာနိုင်သေးတယ်လို့ သူက သုံးသပ်ပြောပါတယ်။  တစ်ဖက်မှာ လားရှိုးမြို့ကို အထူးအုပ်ချူပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး နယ်မြေလုံခြုံရေးအတွက် ဆောင်ရွယ်မယ်လို့ ကိုးကန့်ကထုတ်ပြန်လာပြီးနောက် တစ်ဆက်တည်း လားရှိုးနဲ့သက်ဆိုင်တဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်ချိရင် အရေးယူမယ်လို့ ကိုးကန့် MNDAA က ပြောထားတာတွေလည်း ရှိနေပါတယ်။   လက်ရှိ ဖြစ်ပွားနေတဲ့ လားရှိုးမြို့တိုက်ပွဲအပေါ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သူ့ရဲ့အမြင်ကို အခုလိုဆက်ပြောဆိုပါတယ်။ “ကျနော်တို့ပြည်သူအမြင်က ကိုးကန့် MNDAAက ဘာမဆိုအတင်းအဓမ္မအရမ်းလုပ်လို့ မကြိုက်ဘူး။ ပြည်သူအများပိုင်းမကြိုက်ဘူး။ ကိုးကန့်က ကွန်မြူနစ်စနစ်ကျင့်သုံးသွားလိမ့်မယ်။ အခုမုံးကိုး–ဖောင်းဆိုင်ဘက်သိမ်းပိုက်ထိန်းချူပ်နေတဲ့အခြေအနေကိုကြည့်ရင် သူတို့က သူတို့ကြိုက်သလိုလုပ်တယ်။ ပြည်သူ့သဘောထားနဲ့မဟုတ်ဘူး။ တပ်သားစုဆောင်းမယ်ဆိုလည်း ကြိုက်သလိုခေါ်သွားတယ်။ ပြည်သူမှာလူ့အခွင့်အရေးတွေပိုဆုံးရှုံးသွားသလို အခြေအနေရှိနေတယ်။”လို့ ပြောပါတယ်။      လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇူလိုင် ၂၀ ကျော် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  ခလရ–၄၁၊ ခလရ–၆၈၊ ခမရ–၅၂၂ နှင့် ခမရ–၅၀၇ စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အလုံးစုံ သိမ်းပိုက်နိုင်လုနီးပါးအနေအထားမှာတင်ဆက်ရှိနေသေးကြောင်း ဒေသခံတွေပြောပါတယ်။ By –…

    Read More »
  • Nov- 2023 -
    6 November
    သတင်း

    ကောလင်းမြို့ကို သိမ်းပိုက်လိုက်ပြီလို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတည်ပြု

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထိုင်ထားတဲ့ တပ်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး နဲ့ စာသင်ကျောင်းတွေကို KIA၊ AAကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာဒီကနေ့ မှာတော့ ကောလင်းမြို့ကို သိမ်းပိုက်ထိန်းသိမ်းလိုက်ပြီလို့ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါ တယ်။ “ကျနော်တို့ ခရိုင်ကွပ်ကဲရေးမှူးနဲ့ ခရိုင်အတွင်းက PDF နဲ့ ပကဖတွေပူးပေါင်းပြီးထိန်းသိမ်းလိုက်ပါပြီဗျ မြို့တစ်မြို့လုံးကိုထိန်းသိမ်းလိုက်တာဖြစ်ပါတယ် မြို့မှာရှိတဲ့တပ်ဖွဲ့တွေလည်း…

    Read More »
Back to top button