ရေဦးနယ်တွင် ယခုလအတွင်းသေဆုံးရုပ်အလောင်း တစ်ဒါဇင်အထိတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့နယ်တွင် ယခုလအတွင်း သေဆုံး​နေသည့် ရုပ်အလောင်း တစ်ဒါဇင်အထိတွေ့ရှိခဲ့ပြီး ယခုလအထိစုစုပေါင်း ရုပ်အလောင်း ၆၀ ကျော်အထိတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာအနီးတစ်ဝိုက်၊ မြစ်ချောင်းနှင့် ကားလမ်းဘေး ရထားသံလမ်ဘေးများတွင် ယင်းသေဆုံးရုပ်အလောင်းများကိုတွေ့ရှိနေရခြင်းဖြစ်ပြီး ယခုတစ်လအတွင်း ရုပ်အလောင်း ၁၂ ​လောင်းအထိတွေ့ရှိခဲ့ရာစုစုပေါင်း အလောင်း ၆၀ ကျော်အထိသယ်ယူ သဂြိုလ်ပေးခဲ့ပြီးဖြစ်ကြောင်း ပုညကုသလလူမှုကူညီရေးအသင်းမှတာဝန်ရှိသူကKNG သို့ပြောသည်။ "ကျနော်တို့သဂြိုပေးတာ ဧပြီလထဲမှာဆိုရင် ၁၂လောင်းတွေ့ပြီ။ ကျွန်တော်တို့အသင်းအနေနဲ့ ဆယ်လပိုင်းကနေအခုလအထိ ဆိုရင်ခြောက်ဆယ်ကိုးလောင်းရှိပြီဗျ သူတို့မှာ