သတင်း

ရေဦးနယ်တွင် ယခုလအတွင်းသေဆုံးရုပ်အလောင်း တစ်ဒါဇင်အထိတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့နယ်တွင် ယခုလအတွင်း သေဆုံး​နေသည့် ရုပ်အလောင်း တစ်ဒါဇင်အထိတွေ့ရှိခဲ့ပြီး ယခုလအထိစုစုပေါင်း ရုပ်အလောင်း ၆၀ ကျော်အထိတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာအနီးတစ်ဝိုက်၊ မြစ်ချောင်းနှင့် ကားလမ်းဘေး ရထားသံလမ်ဘေးများတွင် ယင်းသေဆုံးရုပ်အလောင်းများကိုတွေ့ရှိနေရခြင်းဖြစ်ပြီး ယခုတစ်လအတွင်း ရုပ်အလောင်း ၁၂ ​လောင်းအထိတွေ့ရှိခဲ့ရာစုစုပေါင်း အလောင်း ၆၀ ကျော်အထိသယ်ယူ သဂြိုလ်ပေးခဲ့ပြီးဖြစ်ကြောင်း ပုညကုသလလူမှုကူညီရေးအသင်းမှတာဝန်ရှိသူကKNG သို့ပြောသည်။

“ကျနော်တို့သဂြိုပေးတာ ဧပြီလထဲမှာဆိုရင် ၁၂လောင်းတွေ့ပြီ။ ကျွန်တော်တို့အသင်းအနေနဲ့ ဆယ်လပိုင်းကနေအခုလအထိ ဆိုရင်ခြောက်ဆယ်ကိုးလောင်းရှိပြီဗျ သူတို့မှာ ဒဏ်ရာဘာညာတော့တွေ့တာပေါ့ဗျာ ဘာကြောင့်သေဆုံးတာလည်းဆိုတာတော့ကျွန်တော်တို့လည်းမသိသေးဘူးဗျ”ဟု ပုညကုသလလူမှုကူညီရေးအသင်းမှတာဝန်ရှိသူ ကပြောသည်။

အဆိုပါ သေဆုံးရုပ်အလောင်းများတွင် အချို့အလောင်းပိုင်ရှင်ပေါ်ပြီး အချို့မှာ ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သဂြိုလ်ပေးလိုက်ရကြောင်း သေဆုံးရုပ်အလောင်းမှာ အမျိုးသားအများစု ပါဝင်ကြောင်း သူကဆက်ပြောသည်။

“အဲ့သေဆုံးရုပ်အလောင်းတွေထဲမှာ အမျိုးသားဦးရေကပိုများတယ်ဗျ အသက်ကြီးပိုင်းကတော့နည်းတယ်ဗျလူလတ်ပိုင်းကများမယ်ဗျ အသက် သုံးဆယ် လေးဆယ်အရွယ်တွေပေါ့ တချို့လေး အသက် ငါးဆယ်ကျော် ငါးဆယ်ကျော်တွေလည်းရှိတယ်ဗျ”ဟု ပုညကုသလအသင်းမှတာဝန်ရှိသူကပြောသည်။

အဆိုပါသေဆုံးရုပ်အလောင်များတွင် ရေဦးဒေသခံများပါဝင်ပြီးအချို့မှာစစ်ကောင် စီသတင်းပေးဟုနာမည်ထွက်နေသူများပါဝင်ပြီး တချို့ရုပ်အလောင်းမှာ ပျက်ရုပ်နေသည့်အတွက် မသိရှိရကြောင်း ဆက်ပြောသည်။

ရေဦးမြို့နယ်တွင် စစ််အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူများအားသတ်ဖြတ်ခဲ့မှု စစ်ကောင်စီသတင်းပေးများသတ်ခံရမှုများလည်းရှိခဲ့သည်။

Show More

Related Articles

Back to top button