အကျဲတပ်စခန်း

  • Mar- 2024 -
    28 March
    သတင်း

    အကျဲစစ်တပ်စခန်းကို KIA လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ရင်း (၁၁) က လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒီမနက် ၅နာရီဝန်းကျင်မှာ အကျဲကျေးရွာနဲ့ဖရောကျေးရွာကြားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား နှစ်ဖက်ပစ်ခတ်မှု ၁၀ မိနစ်ကြာဖြစ်ပွားခဲ့ပြီး  နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့ KIA ဘက်အကျဲတပ်စခန်းကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ KIA ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အကျဲတပ်စန်းထဲတစ်လုံးကျပေါက်ကွဲခဲ့တဲ့အပြင် ရွာတွင်းမှာရှိတဲ့နေအိမ်တစ်လုံးမှာလည်းထိမှန်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့ အကျဲတပ်စခန်းကို ပစ်တာကျော်သွားတာထင်တယ် အိမ်တစ်အိမ်မှာသွားကျပြီး အဲအိမ်မီးလောင်သွားတယ် အဲမှာရှိနေတဲ့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကခြေထောက်မှာဗုံးစ နည်းနည်းထိတယ် နောက်တစ်ယောက်တော့ချက်မှာ ထိသွားတယ်”လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ထိမှန်ရရှိခဲ့တဲ့ အကျဲဒေသခံအမျိုးသမီးနှစ်ဦးကိုတော့ လူမူကူညီရေးအသင်းရဲ့အကူညီနဲ့မြစ်ကြီးနားဆေးရုံကြီးကို ပိုဆောင်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း အကျဲရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီလေယာဉ်တွေပျံဝဲနေတဲ့အတွက် ဒေသခံတွေဟာ တိမ်းရှောင်ဖို့လိုအပ်နေပေမယ့် တိမ်းရှောင်မယ့်နေရာအခက်ခဲဖြစ်နေတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အကုန်လုံးက ဘယ်ကိုပြေးရမှန်းလည်း မသိတော့ သတိနဲ့ ဘဲနေနေကြတယ် ကိုယ်နည်းကိုယ်ဟန် နဲ့ဘဲ ပုန်းနေကြတာပေါ့ တချို့ကြတော့လည်း ဘုရားကျောင်းလို့ နေရာမျိုးမှာ သွားပုန်းရှောင်နေကြတာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့မှာလည်း အကျဲကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့သေးတဲ့အပြင် ဖေဖော်ဝါရီလမှာလည်း အာကျဲရွာကျေးရွာလမ်းမတစ်လျှောက်မှာရှိတဲ့ မော်ဖောင်းကျေးရွာအဝင်က စစ်တပ်ဂိတ်ကိုလည်း  KIA ဘက်ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ By – Hope

    Read More »
Back to top button