အကြမ်းဖက်မှု

  • Jan- 2026 -
    19 January
    သတင်း

    ကချင်မှာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေး ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးသေဆုံး

    ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြိီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်ဆိုပါတယ်။ အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅…

    Read More »
  • Aug- 2025 -
    5 August
    သတင်း

    လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးကြောင်း KHRW ထုတ်ပြန်

    ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၂ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ KHRW-Kachin Human Rights Watch အဖွဲ့ကနေပြီးတော့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေမှာ ဇူလှိုင်လ တစ်လအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး…

    Read More »
  • Jul- 2025 -
    17 July
    သတင်း

    စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီးလေးရာကျော်သေဆုံး

    နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၄၁၅ ဦး သေဆုံးပြီး၊ ၄၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burmese Women’s Union(BWU) ရဲ့အချက်အလက်ဖော်ပြချက်အရ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုအချက်လက်က BWU အဖွဲ့ကနေပြီး…

    Read More »
  • May- 2024 -
    8 May
    သတင်း

    ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အကြမ်းဖက်တာတွေပါပြုလုပ်လာ 

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ  အကြမ်းဖက်မှုတွေကိုပါပြုလုပ်လာတယ်လို့ ရမ်ပူရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေက မူးယစ်ဆေးဝါးကိုရပ်ကွက်အတွင်း လမ်းမ၊လမ်းကြားပါမကျန် ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဘဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ဦးပေါက်စခေါ် ရပ်ကွက်လူကြီးတစ်ဦးကို မျက်စိတစ်ဖက်ကွယ်သွားတဲ့အထိ မူးယစ်ဆေးသမားတွေက အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ရမ်ဘူရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဦးပေါက်စက မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကို မောင်းထုတ်တဲ့ ထဲမှာ တက်တက်ကြွကြွပါဝင်တော့  မကျေနပ်တော့ ဖိုးသမား ၄ယောက်က ကျောက်ခဲတွေနဲ့ ထုနှက်ရိုက်သွားတာ မျက်စိတောင်ကွယ်သွားတယ် ကုလို့တောင်မရတော့ ဘူ”လို့ဆိုပါတယ်။ အခုလို ရမ်ဘူရပ်ကွက်မှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဟာဆိုရင် နှစ်နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်တယ်လို့ လည်း ဒေသခံတွေကဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ပေးဆပ်သူလူမှုကယ်ဆယ်ရေး လမ်းကြားတည့်တည့် မှာရှိတဲ့ ကုန်းတံတားနဲ့ ခင်မာသီရိလမ်းသွယ်၂၄ ကြား မှာ  နေ့တိုင်း မနက်၅နာရီလောက်ကနေ ည ၁၂နာရီ ဝန်းကျင်လောက်ထိရှိနေတတ်တယ်လို့ သိရပါတယ်။ ဒါအပြင် ရပ်ကွက်နေပြည်သူတွေအပြင် ရပ်ကွက်ထဲဝင်လာသူတိုင်းကို မူးယစ်ဆေးဝါးဝယ်ယူဖို့ ဖျားယောင်းသွေးဆောင်မှုတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း လူမြင်ကွင်းရှေတွေမှာဘဲ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ရပ်ဘူရပ်ကွက်နေ  အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့က  လူမြင်ကွင်းမှာဘဲ ဘောင်းဘီတွေချွတ်ပြီး ယောက်ကျားလေး အင်္ဂါတွေမှာ ထိုးသွင်းနေကြတာ  မြင်ရတာ လုံးဝ အဆင်မပြေဘူး အမျိုးသား အချင်းချင်းတောင် မြင်ရတာ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့သူတွေကို ရပ်ကွက်တွင်း ခုလိုလုပ်ရပ်မျိုးတွေ မလုပ်ဖို့ ကောင်းကောင်းမွန်မွန်ပြောဆိုပေမယ့်လည်း နားမထောင်တဲ့ အပြင် ရပ်ကွကနေပြည်သူတွေကိုပါ ရန်ပြုလာတယ်လို့ သိရပါတယ်။ ဒီမူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကိုတိုင်တန်းခဲ့ပေမယ့် ထိထိရောက်ရောက်အရေးယူပေးတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။လက်ရှိမှာတော့ ရမ်ဘူရပ်ကွက်နေ ပြည်သူတွေကဘဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို မောင်းထုတ်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ လည်း လောင်းကစားရုံတွေ အပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Nov- 2023 -
    28 November
    သတင်း

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအထိမ်းအမှတ် နယ်စပ်ဒေသတစ်လျှောက်က စစ်ရှောင်စခန်းမှာကျင်းပ

    နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာလှုပ်ရှားမှုကို လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ မိုင်ဂျာယန်ပါကထောင် စစ်ရှောင်းခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။   ဒီလှုပ်ရှားမှုကို ကချင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Kachin Star Gender Group ကနေဦးဆောင်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ လိုင်ဇာမြို့ ဝယ်ကြိုင် စစ်ရှောင်စခန်းနဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ မိုင်ဂျာယန် ပါကထောင်စစ်ရှောင်စခန်းမှာ လူဉီးရေ စုစုပေါင်း ၃၀၀ ဝန်းကျင်ပါဝင်ခဲ့ပြီး အမျိုးသမီး ၂၇၀ နဲ့အမျိုးသားကတော့ ၃၀ ဝန်းကျင်နဲ့ကျင်းခဲ့တယ်လို့ ဆိုပါတယ်။ ကမ်ပိန်းလုပ်ခြင်းအားဖြင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေကို ပိုမိုသိမြင်လာပြီး အမျိုးသမီးနဲ့ကလေး တွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးမှာ အတူပူးပေါင်းလာ နိုင်မှာဖြစ်တယ်လို့ Kachin Star Gender Group ကတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ ဒီ ၁၆ ရက်သာကိုဘာကြောင့်လုပ်တဲ့ဆိုတာ သူတို့ပိုသိလာမယ်၊ပြီးတော့ ကျွန်တော်တို့ နေရာဒေသတွေမှာ အမျိုးသမီးတွေ ဘယ်လိုမျိုး အကြမ်းဖက်တာတွေ ခံနေရသလဲဆိုတာကို သိမြင်လာပြီး ကာကွယ်တဲ့အခါအတူပါဝင်လာနိုင်မယ်၊ ကိုယ်သိခဲ့တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ပြန်ပြောပြ ဝေမျှလာနိုင်မှာဖြစ်တယ်”လို့ပြောပါတယ်။  ဒီနှစ် ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်းမှာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာပုံကို ဦးဆောင်ကျင်းပသူတွေက ရှင်းပြခဲ့တဲ့အပြင် အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေးရရှိနိုင် ရေးနဲ့အတူ အကြမ်းဖက်မှုတွေပပျောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ “ဒီနှစ်ရဲ့ သတင်းစကားအတိုင်း အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ရန်အတွက် ကျွန်ုပ်တို့တွေ ရင်းနှီးမြုပ်နှံလျက် အကုန်လိုက်လုပ်တဲ့ အခြေအနေထိရောက်အောင် သတင်းစကားရဲ့ အဓိပ္ပာယ်ကိုရှင်းပြတာတွေ လုပ်သွားမှာပါ”လို့ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပြီး တစ်ပြိုင်နက် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အထူးသဖြင့် အမျိုးသမီးတွေမှာ အလုပ်အကိုင်ရှားလာတာတွေ၊ ပညာရေးတွေအပြင် တရားဉပဒေစိုးမိုးတာတွေ မရှိတော့တဲ့အတွက် လုံခြုံရေးတွေမှာထိခိုက်တာတွေရှိနေတာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်တဲ့အပြင် ကျား–မ အခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး (၁၆)ရက်တာလှုပ်ရှားမှုကမ်ပိန်း စတင်တဲ့နေ့လည်း ဖြစ်ပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ် မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့တူ အိမ်တွင်းအကြမ်းဖက်ခြင်းများဟာ ပဋိပက္ခများကြောင့် ပိုမိုဆိုးရွားလာတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသမီး ၆၅၇ ဦး‌ အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသမီး ၃,၆၇၃ ဦးကျော်ဟာ မတရားဖမ်းဆီးထိန်း သိမ်းခံထားရတယ်လို့ UK MYANMAR က ထုတ်ပြန်ထားပါတယ်။ By – Bu…

    Read More »
  • May- 2023 -
    22 May
    သတင်း

    ပိတ်မိနေသည့် နန့်သာ ဒေသခံများ အကြမ်းဖက် နှိပ်စက်ခံနေရ

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ်ရှိ နန့်သာကျေးရွာတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် ထွက်ပြေးခွင့် မရလိုက်သော ဒေသခံ အယောက် ၂၀၀ ကျော်သည် ကျေးရွာအတွင်း ပိတ်မိနေကာ နှိပ်စက်ခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီ တပ်မ ၇၇ မှ အင်အား ၁၀၀…

    Read More »
Back to top button