သတင်း

ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများ အကြမ်းဖက်တာတွေပါပြုလုပ်လာ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ  အကြမ်းဖက်မှုတွေကိုပါပြုလုပ်လာတယ်လို့ ရမ်ပူရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေက မူးယစ်ဆေးဝါးကိုရပ်ကွက်အတွင်း လမ်းမ၊လမ်းကြားပါမကျန် ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဘဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ဦးပေါက်စခေါ် ရပ်ကွက်လူကြီးတစ်ဦးကို မျက်စိတစ်ဖက်ကွယ်သွားတဲ့အထိ မူးယစ်ဆေးသမားတွေက အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ရမ်ဘူရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ဦးပေါက်စက မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေကို မောင်းထုတ်တဲ့ ထဲမှာ တက်တက်ကြွကြွပါဝင်တော့  မကျေနပ်တော့ ဖိုးသမား ၄ယောက်က ကျောက်ခဲတွေနဲ့ ထုနှက်ရိုက်သွားတာ မျက်စိတောင်ကွယ်သွားတယ် ကုလို့တောင်မရတော့ ဘူလို့ဆိုပါတယ်။

အခုလို ရမ်ဘူရပ်ကွက်မှာ မူးယစ်ဆေးဝါးတွေကို ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲနေတာဟာဆိုရင် နှစ်နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်တယ်လို့ လည်း ဒေသခံတွေကဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ပေးဆပ်သူလူမှုကယ်ဆယ်ရေး လမ်းကြားတည့်တည့် မှာရှိတဲ့ ကုန်းတံတားနဲ့ ခင်မာသီရိလမ်းသွယ်၂၄ ကြား မှာ  နေ့တိုင်း မနက်၅နာရီလောက်ကနေ  ၁၂နာရီ ဝန်းကျင်လောက်ထိရှိနေတတ်တယ်လို့ သိရပါတယ်။

ဒါအပြင် ရပ်ကွက်နေပြည်သူတွေအပြင် ရပ်ကွက်ထဲဝင်လာသူတိုင်းကို မူးယစ်ဆေးဝါးဝယ်ယူဖို့ ဖျားယောင်းသွေးဆောင်မှုတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း လူမြင်ကွင်းရှေတွေမှာဘဲ မူယစ်ဆေးဝါးသုံးစွဲနေကြတယ်လို့ ရပ်ဘူရပ်ကွက်နေ  အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

သူတို့က  လူမြင်ကွင်းမှာဘဲ ဘောင်းဘီတွေချွတ်ပြီး ယောက်ကျားလေး အင်္ဂါတွေမှာ ထိုးသွင်းနေကြတာ  မြင်ရတာ လုံးဝ အဆင်မပြေဘူး အမျိုးသား အချင်းချင်းတောင် မြင်ရတာ အဆင်မပြေဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့သူတွေကို ရပ်ကွက်တွင်း ခုလိုလုပ်ရပ်မျိုးတွေ မလုပ်ဖို့ ကောင်းကောင်းမွန်မွန်ပြောဆိုပေမယ့်လည်း နားမထောင်တဲ့ အပြင် ရပ်ကွကနေပြည်သူတွေကိုပါ ရန်ပြုလာတယ်လို့ သိရပါတယ်။

ဒီမူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကိုတိုင်တန်းခဲ့ပေမယ့် ထိထိရောက်ရောက်အရေးယူပေးတာမရှိဘူးလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။လက်ရှိမှာတော့ ရမ်ဘူရပ်ကွက်နေ ပြည်သူတွေကဘဲ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို မောင်းထုတ်တာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အနှံ့မှာ လည်း လောင်းကစားရုံတွေ အပြင်၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ များလာတာနဲ့ အတူ ခိုးဆိုးလုနှိုက်တွေ များပြားလာတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button