အင်ဂျင်ဝိုင်
-
Feb- 2026 -6 Februaryသတင်း
ဖားကန့်မှာ အနံ့ဆိုးထွက်အောင်လုပ်စေခဲ့တဲ့ အမျိုးသားနှစ်ဦးကို KIA ဖမ်းဆီး
ကချင်ပြည်နယ် ဖားကန့်မြို့တစ်ခုလုံး အနံ့ဆိုးထွက်စေအောင် ဥရုချောင်းထဲ အင်ဂျင်ဝိုင်ဟောင်းတွေ သွန်ပစ်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖမ်းဆီးထားပြီး အရေးယူဖို့လုပ်ဆောင်နေတယ်လို့ဒေသခံများထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်း ဖားကန့်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ဖားကန့်မြို့တစ်ခုလုံးမှာ အနံ့ဆိုးဖြစ်ပေါ်စေခဲ့ပြီး ဆိုင်းတောင်(ဆိပ်မူ)၊ ဖားပြင်၊ မမုံ၊ ဆန်းကြွယ်၊ ယူမာ၊ မရှီကထောင်ရပ်ကွက်၊ ရှရော်ခ နဲ့ လုံးခင်းကျေးရွာတွေအထိ ပျံ့နှံ့ကာ ပြည်သူလူထုတွေကြားပြောဆိုမှုများစွာရှိခဲ့ပါတယ်။ ဖားကန့်ပြည်သူတွေ ညပိုင်း ၃ နာရီခန့်အကြာ Mask တပ်ပြီး နေထိုင်ဖို့ ဖြစ်စေခဲ့တဲ့ အနံ့ဆိုးတွေဟာ ဆိပ်မူရွာဟောင်းက အင်ဂျင်ဝိုင်ချက်စက်ရုံက အင်ဂျင်ဝိုင်ဟောင်စွန့်ပစ်ပစ္စည်းတွေကို ဥရုချောင်းထဲကို မျောလိုက်တဲ့အတွက် ဖြစ်စေခဲ့တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်ချက်တဲ့ ပိုင်ရှင်တစ်ဦးနဲ့ စက်ရုံအစောင့်တစ်ဦး KIO က ဖမ်းဆီးထားပြီးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လက်ရှိ KIO အုပ်ချုပ်ရေးက ကျူးလွန်သူတွေကို ဖမ်းဆီးထားတယ်။ ဒီကိစ္စကို ဘယ်လိုအကောင်အထည်ဖော်သွားမယ်။ ဘယ်လိုအတည်ပြုချက်တွေနဲ့ လုပ်ဆောင်သွားမလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့”လို့ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲမှာ အင်ဂျင်ဝိုင်ချက်တဲ့သူတွေရှိနေသေးတဲ့အတွက် နောက်ထပ်ကျူးလွန်တယ်လို့ ယူဆရတဲ့ သူတွေကို ဆက်ပြီးစုံစမ်းစစ်ဆေးတာတွေ လုပ်နေသေးတယ်လို့ သိရပါတယ်။ ဖားကန့် မြို့တစ်ခုလုံး အနံ့ဆိုးထွက်စေခဲ့တဲ့ဖြစ်စဉ်ကြောင့် ဆိုင်းတောင်ကျေးရွာမှာ နေထိုင်တဲ့ပြည်သူတွေ ဆိုးဆိုးရွားရွားခံစားခဲ့ရပြီးနောက် နောက်ထပ်ကျေးရွာတွေအများအပြားမှာလည်း ကြုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အနံ့ဆိုးဖြစ်ပေါ်ခဲ့တာကြောင့် ဖားကန့်ပြည်သူတွေဟာ Mask တပ်ပြီး ၃ နာရီနဲ့ ၅ နာရီကြား ကျော်ဖြတ်ခဲ့ရတဲ့အပြင် ပြည်သူတစ်ချို့က အော့အန်တာတွေဖြစ်ပြီး ဆေးရုံတက်လိုက်ရတဲ့အခြေအနေအထိ ကြုံတွေခဲ့ရတယ်လို့ ပြည်သူတွေပြောပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး နာပိုင်းခြားအတွင်းမှာပဲ အခုလို အနံ့ဆိုးတွေဖြစ်ပေါ်လာတာကြောင့် ပြည်သူတစ်ချို့က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး၊ ဒရုန်းတွေဆီကနေ ပျံ့နှံ့လာတဲ့ အနံ့ဆိုးတွေဖြစ်တယ်လို့ဝေဖန်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ ဖားကန့်တစ်မြို့လုံးအနံ့ဆိုးဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးနောက် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက “အရင်ကတည်းက အောင်ပိုင်းကနေ…
Read More »
