KIO ဘဏ် စနစ်အတိုင်း NUG အထူးငွေတိုက်စာချုပ် ရောင်းချမှုမှာ တော်လှန်ရေးလုပ်နေသူအားလုံးအတွက်ဟု NUG ဝန်ကြီး ဒေါက်တာတူးခေါင်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးတော်လှန်ရေးအတွက် အထူးငွေတိုက်စာချုပ်တွေကို မြန်မာပြည်တွင်းက ပြည်သူတွေ ဝယ်ယူနိုင်ဖို့ KIO ရဲ့ ငွေကြေးပို့ဆောင်တဲ့စနစ်ကို အသုံးပြုရခြင်းဟာ NUG အတွက်သာမက တစ်နိုင်ငံလုံးက တော်လှန်ရေးလုပ်နေတဲ့သူတွေအတွက်ဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင်က KNG ကို ပြောပါတယ်။ (more…)